All for Joomla All for Webmasters
AFFM Training of Trainer Module for 5 days
Pre departure Training for Migrant Workers (Kayin State)
June 23, 2018
Trade Union’s leadership Training
June 23, 2018

AFFM Training of Trainer Module for 5 days

မြန်​မာနိုင်​ငံ​တောင်​သူလယ်​သမားနှင့်​ စိုက်​ပျိုး​ရေးအလုပ်​သမားသမဂ္ဂများအဖွဲ့ချုပ်​ (AFFM) မှ Training of Trainer Module (TTM) ဆရာဖြစ်​သင်​တန်းသားများ အား လက်​​တွေ့ သင်​တန်းပြန်​လည်​ ပို့ချနိုင်​ရန်​အတွက်​ အ​ကြောင်းအရာဖြည့်​စွက်​​ပေးသည့်​ သင်​တန်း
၂၀၁၈ခုနှစ်​၊ ဇွန်​လ (၂၀-၂၄)ရက်​​နေ့
CTUM ​Solodarity Hall အ​ရှေ့ဒဂုံမြို့နယ်​၊ ရန်​ကုန်​တိုင်း​ဒေသကြီး

သင်​တန်း​ခေါင်း​စဉ်​များ
၁။ ရည်​ရှည်​ဖွံ့ဖြိုးတိုးတက်​​သော စိုက်​ပျိုး​ရေးစနစ်​ဆီသို့ (ဦးသန်းလွင်​-CTUM အ​ထွေ​ထွေအတွင်း​ရေးမှူ)
၂။ AFFM ၏ လုပ်​ငန်း​ဆောင်​ရွက်​မှုများ (​ဒေါ်သဲဝင့်​ – AFFM အ​ထွေ​ထွေအတွင်း​ရေးမှူး)
၃။ အလုပ်​သမားသမဂ္ဂအ​ခြေခံသ​ဘောတရားသင်​တန်း (​ဒေါ်ဖြိုးစန္ဒာစိုး – CTUM လက်​​ထောက်​အ​ထွေ​ထွေအတွင်း​ရေးမှူး)
၎။ သမဂ္ဂခိုင်​မာ​တောင့်​တင်း​ရေးအတွက်​ အ​ခြေခံ လိုအပ်​ချက်​များ၊ ILO အ​ရေးပါပုံ၊ ဒီမိုကရက်​တစ်​လူ့​ဘောင်​နှင့်​ အလုပ်​သမားသမဂ္ဂ၊ သမဂ္ဂလုပ်​ငန်းစဉ်​များ ​ရေးဆွခြင်း အ​ခြေခံ (​ဒေါက်​တာ ဦး​ဇော်​ဝင်း​အောင်​ CTUM သမဂ္ဂ ပညာ​ပေး​ရေးဌာန)
၅။ သမဂ္ဂစီမံခန့်​ခွဲမှု၊ ထိ​ရောက်​​သော ဆက်​သွယ်​​ရေး (​ဒေါ်ခိုင်​ဇာ​အောင်​ – CTUM ဘဏာ​ရေးမှူး)
၆။ အလုပ်​သမားအဖွဲ့အစည်း ဥပ​ဒေ၊ နည်းဥပ​ဒေ (​ဒေါ်ဖြိုးစန္ဒာစိုး – CTUM လက်​​ထောက်​အ​ထွေ​ထွေအတွင်း​ရေးမှူး)
၇။ လယ်​ယာ​မြေဥပ​ဒေ၊ နည်းဥပ​ဒေ (ဦးဖိုးဖြူ – ဥပ​ဒေပညာရှင်​)

ယခုပြုလုပ်သော သင်တန်းမှာ ၂၀၁၈ခုနှစ်၊ ဧပြီလ (၄-၈)ရက်နေ့များတွင် ပြုလုပ်ခဲသော AFFM ၏ TTM 1 သင်တန်းတွင် သင်တန်းတက်ရောက်ထားသော သင်တန်းသားများအတွက် အကြောင်းအရာဖြည့် သင်တန်းဖြစ်ပါသည်။ ထို့အတွက်ကြောင့် TTM 1 တက်ရောက်ထားသော သင်တန်းသားများအား ပြည်လည်ခေါ်ယူ၍ သင်တန်းပေးခြင်းဖြစ်ပါသည်။ TTM သင်တန်းသားများကို ရွှေးချယ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဖွဲ့ဝင်အရေအတွက် အပေါ်အခြေခံ၍ သင်တန်းသားအရေအတွက်အား ခေါ်ယူပေးခြင်းဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့် သင်တန်းသားခေါ်ယူသည့် ဖိတ်စာအား တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ခေါင်းဆောင်များ၊ AFFM ဗဟိုကော်မတီအဖွဲ့ဝင်များအား ပေးပို့ထားပြီးဖြစ်ပါသည်။ AFFM ဗဟိုကော်မတီ နှင့် အရံ ဗဟိုကော်မတီအစည်းအဝေးတွင်လည်း TTM သင်တန်းနှင့် ပတ်သက်၍ ဆွေးနွေးထားပြီးသားဖြစ်ပါသည်။ သင်တန်းသား ဖိတ်ကြားရေးပြုလုပ်ရာ ၏တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်စားပြု ဖိတ်ကြားရေးလုပ်ခြင်းဖြစ်ပါသည်။

သင်တန်းသား စုစုပေါင်း (၁၉)ဦးး (မ – ၅ဦး၊ ကျား ၁၄ဦး)တို့ ဖြစ်ကြပါသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ အဖွဲ့ဝင်များပင် ဖြစ်ပါသည်။

By BB

Leave a Reply

Your email address will not be published. Required fields are marked *