All for Joomla All for Webmasters
အမေရိကန်အစိုးရ၊ ကနေဒါအစိုးရနှင့် ယူကေတို့မှ အကြမ်းဖက်စစ်အုပ်စုနှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း-MOGE အပေါ် ပိတ်ဆို့အရေးယူမှု၊ ကျင့်သုံးမှုများအပေါ် ကြိုဆိုကြောင်းနှင့် ပိတ်ဆို့မှုအတွက် အားဖြည့်လုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာချက်
Statement welcoming the United States Government, Canada and the United Kingdom sanction on the MOGE and junta and calling for enforcements.
November 2, 2023
The primary perpetrator of forced labour creating a complaints mechanism is a mockery to the ILO and its constituents.
August 30, 2024

အမေရိကန်အစိုးရ၊ ကနေဒါအစိုးရနှင့် ယူကေတို့မှ အကြမ်းဖက်စစ်အုပ်စုနှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း-MOGE အပေါ် ပိတ်ဆို့အရေးယူမှု၊ ကျင့်သုံးမှုများအပေါ် ကြိုဆိုကြောင်းနှင့် ပိတ်ဆို့မှုအတွက် အားဖြည့်လုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်။

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM အနေဖြင့် အမေရိကန်ဘဏ္ဍာရေးဌာန၊ အကြမ်းဖက်ဝါဒနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး၏ လက်ထောက် အတွင်းဝန် Brain E, Nelson မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကနေဒါနှင့်ယူကေတို့ ပူးပေါင်း ဆောင်ရွက်သော MOGE နှင့် ဆက်စပ်သည့် စစ်အုပ်စု၏အပေါင်းအပါများအပေါ် ပိတ်ဆို့အရေးယူမှုသည် “မြန်မာစစ်တပ်အပေါ် ကျွန်တော်တို့၏စုပေါင်းဖိအားပေးမှုကို ထိန်းသိမ်းထားခြင်းနှင့် ၎င်း၏ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ရန် လိုအပ်သောလက်နက်နှင့် ထောက်ပံ့ရေးပစ္စည်းများကို စစ်အုပ်စုမှ သုံးစွဲခွင့်အား ငြင်းဆိုခြင်း” ဖြစ်ကြောင်း ကြေညာချက်၏ မူဝါဒနှင့် လုပ်ဆောင်ချက်အား ကြိုဆိုထောက်ခံပါသည်။

၂။ လက်ထောက်အတွင်းဝန်မှ ဆက်လက်၍ “MOGE ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ဥရောပသမဂ္ဂမှ အမည်စာရင်း သတ်မှတ်ပေးခဲ့ပြီး ၎င်းသည် စစ်အုပ်စုအတွက် နှစ်စဉ် ဒေါ်လာသန်း ရာနှင့်ချီ နိုင်ငံခြားဝင်ငွေရရှိနေသော အကြီးမားဆုံးအရင်းအမြစ်တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း ပြောဆိုသွား သည်ကိုလည်း CTUM အနေဖြင့် မှတ်သားခဲ့ရပါသည်။ OFAC ၏ ယနေ့ လုပ်ဆောင်ချက်သည် MOGE ၏ ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်သည့် ယခင်သတ်မှတ်ထားသော လုပ်ဆောင်ချက်များနှင့် နိုင်ငံခြားမှ လက်နက်များနှင့် အခြားပစ္စည်းများကို ဝယ်ယူရန်အသုံးပြုသည့် စစ်အုပ်စု၏အမေရိကန်ဒေါ်လာ သုံးစွဲခွင့်ကို ပိုမိုကန့်သတ်ရန် ကြိုးပမ်းမှုများအပေါ်တွင် တည်ဆောက်ထားပါသည်။ အမေရိကန်၊ ကနေဒါနှင့် ယူကေ အစိုးရများကဲ့သို့ပင် ဤလုပ်ဆောင်ချက်သည် စစ်အုပ်စုမှ နိုင်ငံသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ၎င်း၏စွမ်းဆောင်မှုကို ကန့်သတ်နိုင်လိမ့်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။

၃။ စစ်အုပ်စု၏ အမေရိကန်ဒေါ်လာ သုံးစွဲခွင့်ကို ကန့်သတ်ခြင်း ရည်ရွယ်ချက် အောင်မြင်စေရေးအတွက် အစိုးရ(၃)ရပ်လုံးအားဖြင့် ပိတ်ဆို့မှု အထောက်အကူပြု အရေးယူမှုများ ဆောင်ရွက်ပေးပါရန် CTUM မှ ပြင်းပြင်းထန်ထန် တောင်းဆိုလိုပါသည်။ ဥပမာကောင်းတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံ UOB ဘဏ်မှ Myanmar Airways ၏ ငွေစာရင်းများကို လက်မခံတော့ခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်သည်လည်း ဒဏ်ခတ်ပိတ်ဆို့ခံထားရသော MFTB နှင့် MICB တို့၏ ငွေကြေး လွှဲပြောင်းမှုအားလုံးကို ရပ်တန့်ခဲ့သည့် အတွက် စစ်အုပ်စုသည် စက်သုံးဆီ၊ ရွှေနှင့်ဆန်ကုန်သည်များနှင့် စစ်အုပ်စုအတွင်းပင် စတင်ဖမ်းဆီး လာသည်အထိ ဖရိုဖရဲဖြစ်သွားသော အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

၄။ ဝန်ဆောင်မှုလုပ်ငန်းများ၊ အာမခံကုမ္ပဏီများအပါအဝင် MOGE အပေါ် ယခုဒဏ်ခတ်ပိတ်ဆို့မှု ဆောင်ရွက်ရာတွင် OFAC နှင့် ယူကေ OFSI တို့၏ သက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု စည်းမျဉ်းများအတိုင်း ကျင့်သုံးပါက စစ်အုပ်စုကို ဒူးထောက်စေမည်မှာ သေချာပါသည်။

၅။ CTUM အနေဖြင့် ပြီးခဲ့သောလှုပ်ရှားမှုများနှင့် မြန်မာ့နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်၊ သက်ရောက် မှုများ၏ အတိုင်းအတာ၊ စည်းလုံးညီညွတ်မှုတို့ကြား ခြားနားချက်ကို လေ့လာရန် အာရှပစိဖိတ် ဒေသ အစိုးရများကိုလည်း တောင်းဆိုအပ်ပါသည်။ မြန်မာစစ်အုပ်စုသည် ကြံ့ကြံ့ခံနှိင်သည်ဟု အများထင်သည်မှာ အပေါ်ယံသာ ဖြစ်ပါသည်။ စစ်အုပ်စုသည် ၎င်းတို့စိတ်ကြိုက်ဖြစ်သည့် မြေပြင် လက်နက်ကိုင် တိုက်ပွဲများ တွင်ပင်လျှင် ရှုံးနိမ့်လျှက် ရှိပါသည်။ ဆိုးရွားကြမ်းကြုတ်သော မှတ်တမ်းများနှင့်အတူ ရှုံးနေပြီဖြစ်သည့် ၄င်းတို့ဘက်နှင့် အလုပ်မလုပ်ရန် သို့မဟုတ် ပံ့ပိုးမှုမပေးရန်အတွက် ဘဏ်များ၊ အာမခံ ကုမ္ပဏီများ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသို့ တိုက်တွန်းပေးပါရန် အစိုးရများအား ကျွန်တော်တို့မှ တောင်းဆို အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM

Leave a Reply

Your email address will not be published. Required fields are marked *