All for Joomla All for Webmasters
ရေနံမြေအလုပ်သမားများ၏ အနာဂါတ် အလုပ်ရုံဆွေးနွေးပွဲ (၂၇-၂၈ အောက်တိုဘာ ၂၀၁၈၊ ထိန်ထိန်သာဟိုတယ်၊ မကွေးတိုင်း)

ရေနံမြေအလုပ်သမားများ၏ အနာဂါတ် အလုပ်ရုံဆွေးနွေးပွဲ
(၂၇-၂၈ အောက်တိုဘာ ၂၀၁၈၊ ထိန်ထိန်သာဟိုတယ်၊ မကွေးတိုင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM ၏ အဖွဲ့ဝင်ဖြစ်သော ရေနံမြေအလုပ်သမား သမဂ္ဂအဖွဲ့အစည်း အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ရေနံမြေအလုပ်သမဂ္ဂအဖွဲ့အစည်း(၁၃)ဖွဲ့တို့မှ အနာဂါတ်နှင့် ပါတ်သက်သည့် စိန်ခေါ်မှုများအား ညှိနှိုင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၇-၂၈)ရက်နေ့ တွင် မကွေးမြို့တွင် ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ရန်ကုန် ILO ရုံးအရာရှိ Mr. Rory Mungoven မှ ဗွီဒီယိုဖြင့် အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ​ဒေါက်​တာ ဦးအောင်မိုးညိုမှ အမှာစကားပြောကြားခြင်း၊ IndustriALL မှ တာဝန်ရှိသူ ဒေါ်ခိုင်ဇာအောင်နှင့် FRIEDRICH EBERT STIFTUNG – FES ရန်ကုန်ရုံး Program Manager Saw Moon Light Pan Po တို့မှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အငြိမ်းစား ဘူမိဗေဒပညာ ရှင်ကြီးများဖြစ်ကြသော အကြီးတမ်းရေနံမြေဘူမိဗေဒ/ပညာရှင်မှ စုပေါင်းစာတမ်းဖတ်ကြားတင်သွင်းရာ ဦးလှထွန်း- အထွေထွေမန်နေဂျာ(အငြိမ်းစား)မှ ရှင်းလင်းတင်ပြခြင်း ၊ ဦးမျိုးမြင့် – အထွေထွေမန်နေဂျာ (အငြိမ်းစား)မှ ရှင်းလင်းတင်ပြခြင်း ၊ အထွေထွေမန်နေဂျာ(အငြိမ်းစား)၊ တို့မှရှင်းလင်းတင်ပြခဲ့ရာ မေးခွန်း မေးမြန်း၍ အပြန်အလှန်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ဒုတိယနေ့တွင်အနာဂါတ်နှင့်ပါတ်သက်သည့် ခေတ်မှီသောနည်းပညာဆိုင်ရာများ၊ လုပ်ငန်းခွင်ဆိုင်ရာ ထိန်းသိမ်းခြင်း၊ ဖြေရှင်းခြင်းဆိုင်ရာများနှင့် ပါတ်သက်၍ ILO Geneva by Skype မှ ရှင်းလင်းတင်ပြခြင်းနှင့် အကြီးတန်းဘူမိဗေဒပညာရှင် – ဦးသန်းထွန်း-အထွေထွေ/စီမံမန်နေဂျာ (အငြိမ်းစား) တို့မှ ဒုတိယနေ့ အစီအစဉ်တွင် ပါဝင်ဆွေးနွေး တင်ပြမည် ဖြစ်ပါသည်။ ရေနံမြေအလုပ်သမားသမဂ္ဂ ကိုယ်စားလှယ် များအနေဖြင့် ၄င်းတို့၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် အနာဂါတ်တွင်ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများအား စာတမ်းများပြင်ဆင်၍ ဥပဒေများ ပြင်ဆင် ပြောင်းလဲရာသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး (၄)ခုတို့မှ ရေနံမြေအလုပ်သမားကိုယ်စားလှယ် စုစုပေါင်း (၈၃) ဦးရှိတက်ရောက်ခဲ့ပါသည်။