လူမှုစီးပွားရေးသို့ ပြောင်းလဲကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၆-၃၀)ရက်နေ့အထိ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုဆွေးနွေးပွဲသို့ CTUM ကိုယ်စားပြု၍ မခိုင်သဥ္ဇာအေး တက်ရောက်ခဲ့ပါသည်။
အလုပ်သမားသမဂ္ဂများမှ တည်ထောင်ထားသော Social Enterprise လုပ်ငန်းများရှိ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကို လက်တွေ့သွားရောက်လေ့လာခဲ့ပါသည်။
ထိုနောက် Seoul National University တွင် ကျောင်းသား၊ ကျောင်းသူများဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသော Social Enterprise ဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုဖွံ့ဖြိုးတိုးတက်မှုပရိုဂျက်ဖြင့် ကျေးရွာများတွင် ကောင်းမွန်သောအလုပ်အကိုင်များ ရရှိလာစေခြင်း၊ လူငယ်များသည် မိမိဌာနေများကို ထွက်ခွာ၍ မြို့ပြတွင် ရွေ့ပြောင်းအလုပ်သမားများအဖြစ် လုပ်ကိုင်ခြင်းကြောင့် ကျေးဂွာများတွင် လူကြီးလူရွယ်များသာ ကျန်ရစ်ခဲ့ခြင်း ပြသနာများကို လေ့လာဆွေးနွေးခဲ့ပါသည်။
ထိုပြင် Sustainable Development Goalsအား ILO က အကောင်အထည်ဖော်ဆောက်ရွက်နေမှုများကို သင်ကြားခြင်း Session ၊ Network and Fair Trade Session ကို တက်ရောက်လေ့လာခွင့် ရရှိခဲ့ပါသည်။
မြန်မာ၊ ကိုရီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံများမှ ILO ကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂများ ကိုယ်စားလှယ်များသည် SSE နှင့် ပါတ်သတ်သော အလုပ်သမားများ၏ ကာကွယ်စောင့်ရှောက်မှုများနှင့် အခွင့်အလမ်းများကို ဆွေးနွေးမှုများ ပြုလုပ်ကာ စာတမ်းတစောင် ဖတ်ကြားခဲ့ပါသည်။
တက်ရောက်သူစုစုပေါင်း (၈၀)ဦးခန့် ဖြစ်ပါသည်။ ထိုတက်ရောက်သူများမှာ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းများ၊ စီးပွားရေးတက္ကသိုလ်ကျောင်းသားများ နှင့် UN အဖွဲ့အစည်းများ တို့ ပါဝင်ပါသည်။