2016 Payment Law Training by CTUM –LO/FTF
၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေ သင်တန်း
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေးဥပဒေ သင်တန်း ပြုလုပ်ခဲ့ပါသည်။
သင်တန်းဆရာအဖြစ် ဦးဆောင်ဆွေးနွေးသူမှာ Lead Fashion အထည်ချုပ် စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ရဲကျော် ဖြစ်ပါသည်။
CTUM နှင့် LO/FTF ဒိန်းမတ်နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ပြုလုပ်သောခဲ့သော စုပေါင်းညှိနှိုင်းတောင်းဆိုမှုသဘောတူညီချက်CBAဆိုင်ရာ ဆရာဖြစ်သင်တန်းကို တက်ရောက်ပြီးသူ ဖြစ်ပါသည်။
ဦးဆောင်ဆွေးနွေးသူအပါဝင် သင်တန်းသူ သင်တန်းသား စုစုပေါင်း (၂၀) ဦး တက်ရောက်ပါသည်။
သင်တန်းသားများ မိမိကိုယ်တိုင် သေချုစွာနားလည်သဘောပေါက်ပြီး၊လုပ်ငန်းခွင်၌ အခြားသော အလုပ်သမားများကိုလည်း ရှင်းလင်းပြနိုင်ပြီး အလုပ်ရှင်အား အခကြေး
ငွေ တောင်းဆိုရာတွင် အဆင်ပြေစေရန် ရည်ရွယ်ပါသည်။