Labour and Social Policy Training Course at International Training Center in Italy
(25 May – 5 June, 2017 in Italy)
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ကြီးမှူးကျင်းပမည့် အလုပ်သမားနှင့်လူမှုရေးမူဝါဒများဆိုင်ရာသင်တန်း (Labour and Social Policy Training Course) ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ILO အဆောက်အအုံတွင် (၂၅-၅-၂၀၁၇) ရက်နေ့မှ (၅-၆-၂၀၁၇) ရက်နေ့ထိ (၁၀) ရက်တာသင်တန်းကိုပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းအားတက်ရောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ကို ကိုယ်စားပြု၍ ဦးစိုးကိုကိုနိုင် (Coca-Cola အခြေံခံအလုပ်သမားသမဂ္ဂ) မှ တက်ရောက်လျက် ရှိပါသည်။
(၂၅-၅-၂၀၁၇) နှင့် (၂၆-၅-၂၀၁၇) များတွင် ILO ၏ နောက်ခံသမိုင်းကြောင်းနှင့် သမိုင်းဝင်မှတ်တမ်းများကို လိုက်လံပြသခြင်း၊ ILO ၏ အုပ်ချုပ်မှုယန္တရားများအကြောင်းဆွေးနွေးခြင်း၊ အလုပ်အကိုင်နှင့်ပတ်သက်သော စစ်တမ်းများကိုတင်ပြဆွေးနွေးခြင်း၊ အပြည်ပြည်ဆိုင်ရာအလုပ်သမား စံချိန်စံညွှန်းများအကြောင်းရှင်းလင်းတင်ပြခြင်းနှင့် အဖွဲ့များခွဲ၍ ILO၏လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ပြဌာန်းချက်ကို ချိုးဖောက်ခဲ့သည့် နိုင်ငံတခု၏ ဖြစ်ရပ်မှန်ကို အခြေပြုသော သရုပ်ပြမှုကိုပြုလုပ်ခြင်း၊ ILO လူမှုဘ၀ကာကွယ်စောက်ရှောက်ရေးနှင့် စပ်လျဉ်းသောပြဌာန်းချက်အမှတ် (၁၀၂) နှင့် ထောက်ခံချက်အမှတ် (၂၀၂) တွင်ပါရှိသော အချက်အလက်များအကြောင်းကို အပြန်အလှန်ဆွေးနွေးခြင်းနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင်ဆိုင် အဖွဲ့များခွဲ၍ ပင်စင်နှင့် ကျန်းမာရေးစောက်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးစေပြီး အဖွဲ့လိုက်ပြန်လည်တင်ပြခြင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူများမှ ဖြည့်စွက်ဆွေးနွေးခြင်းဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လက်ရှိသင်တန်းကို ကမ္ဘာ့နိုင်ငံပေါင်း (၁၉) နိုင်ငံမှ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတို့မှ ကိုယ်စားလှယ် (၂၃) ဦး နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ( ၃) ဦး စုစုပေါင်းသင်တန်းသား/သူ (၂၆) ဦး တက်ရောက်သင်ကြားလျှက်ရှိသည်။