အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ အုပ်ချုပ်ရေးအဖွဲ့ Governing Body GB ရွေးချယ်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ပါသည်။ ယခုနှစ် ၁၀၆ ကြိမ်မြောက် ILO ညီလာခံတွင် GB အဖွဲ့ဝင်အသစ်များကို ရွေးချယ်ခဲ့ပါသည်။
အုပ်ချုပ်ရေးအဖွဲ့တွင် စုစုပေါင်း ၅၆ ဦးပါဝင်ပြီး အစိုးရကိုယ်စားလှယ် ၂၈ ဦး။ အလုပ်ရှင်ကိုယ်စားလှယ် ၁၄ ဦး။ အလုပ်သမားကိုယ်စားလှယ် ၁၄ ဦး ဖြစ်ပါသည်။ ၁၂ ရက် ဇွန်တွင် အစိုးရ။ အလုပ်ရှင်။ အလုပ်သမား ကိုယ်စားလှယ်များမှ ၎င်း တို့၏ ကိုယ်စားလှယ်များကို သီးခြားဆီ ရွေးချယ်ခဲ့ကြပါသည်။
အလုပ်သမားအစုအဖွဲ့အတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲကို ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ် United Nation ၏ Assembly Room တွင် မွန်းလွဲ ၃း၄၅ မိနစ် တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအလုပ်သမားကိုယ်စားလှယ်အဖြစ် တက်ရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ဦးမောင်မောင် သည် အလုပ်သမားကိုယ်စားလှယ် ၁၄ ဦးကို မဲပေးရွေးချယ်ပေးခဲ့ပါသည်။
အလုပ်သမား အရံကိုယ်စားလှယ် များကိုလည်း ရွေးချယ်ခဲ့ကြပြီး ဦးမောင်မောင်သည် အရံကိုယ်စားလှယ်စာရင်းတွင် ပါဝင်ခဲ့ပါသည်။