မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) မှ Training of Trainer Module (TTM) ဆရာဖြစ်သင်တန်းသားများ အား လက်တွေ့ သင်တန်းပြန်လည် ပို့ချနိုင်ရန်အတွက် အကြောင်းအရာဖြည့်စွက်ပေးသည့် သင်တန်း
၂၀၁၈ခုနှစ်၊ ဇွန်လ (၂၀-၂၄)ရက်နေ့
CTUM Solodarity Hall အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
သင်တန်းခေါင်းစဉ်များ
၁။ ရည်ရှည်ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေးစနစ်ဆီသို့ (ဦးသန်းလွင်-CTUM အထွေထွေအတွင်းရေးမှူ)
၂။ AFFM ၏ လုပ်ငန်းဆောင်ရွက်မှုများ (ဒေါ်သဲဝင့် – AFFM အထွေထွေအတွင်းရေးမှူး)
၃။ အလုပ်သမားသမဂ္ဂအခြေခံသဘောတရားသင်တန်း (ဒေါ်ဖြိုးစန္ဒာစိုး – CTUM လက်ထောက်အထွေထွေအတွင်းရေးမှူး)
၎။ သမဂ္ဂခိုင်မာတောင့်တင်းရေးအတွက် အခြေခံ လိုအပ်ချက်များ၊ ILO အရေးပါပုံ၊ ဒီမိုကရက်တစ်လူ့ဘောင်နှင့် အလုပ်သမားသမဂ္ဂ၊ သမဂ္ဂလုပ်ငန်းစဉ်များ ရေးဆွခြင်း အခြေခံ (ဒေါက်တာ ဦးဇော်ဝင်းအောင် CTUM သမဂ္ဂ ပညာပေးရေးဌာန)
၅။ သမဂ္ဂစီမံခန့်ခွဲမှု၊ ထိရောက်သော ဆက်သွယ်ရေး (ဒေါ်ခိုင်ဇာအောင် – CTUM ဘဏာရေးမှူး)
၆။ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေ (ဒေါ်ဖြိုးစန္ဒာစိုး – CTUM လက်ထောက်အထွေထွေအတွင်းရေးမှူး)
၇။ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ (ဦးဖိုးဖြူ – ဥပဒေပညာရှင်)
ယခုပြုလုပ်သော သင်တန်းမှာ ၂၀၁၈ခုနှစ်၊ ဧပြီလ (၄-၈)ရက်နေ့များတွင် ပြုလုပ်ခဲသော AFFM ၏ TTM 1 သင်တန်းတွင် သင်တန်းတက်ရောက်ထားသော သင်တန်းသားများအတွက် အကြောင်းအရာဖြည့် သင်တန်းဖြစ်ပါသည်။ ထို့အတွက်ကြောင့် TTM 1 တက်ရောက်ထားသော သင်တန်းသားများအား ပြည်လည်ခေါ်ယူ၍ သင်တန်းပေးခြင်းဖြစ်ပါသည်။ TTM သင်တန်းသားများကို ရွှေးချယ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဖွဲ့ဝင်အရေအတွက် အပေါ်အခြေခံ၍ သင်တန်းသားအရေအတွက်အား ခေါ်ယူပေးခြင်းဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့် သင်တန်းသားခေါ်ယူသည့် ဖိတ်စာအား တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ခေါင်းဆောင်များ၊ AFFM ဗဟိုကော်မတီအဖွဲ့ဝင်များအား ပေးပို့ထားပြီးဖြစ်ပါသည်။ AFFM ဗဟိုကော်မတီ နှင့် အရံ ဗဟိုကော်မတီအစည်းအဝေးတွင်လည်း TTM သင်တန်းနှင့် ပတ်သက်၍ ဆွေးနွေးထားပြီးသားဖြစ်ပါသည်။ သင်တန်းသား ဖိတ်ကြားရေးပြုလုပ်ရာ ၏တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုယ်စားပြု ဖိတ်ကြားရေးလုပ်ခြင်းဖြစ်ပါသည်။
သင်တန်းသား စုစုပေါင်း (၁၉)ဦးး (မ – ၅ဦး၊ ကျား ၁၄ဦး)တို့ ဖြစ်ကြပါသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ အဖွဲ့ဝင်များပင် ဖြစ်ပါသည်။
By BB