အမျိုးသားအဆင့် ကျွမ်းကျင်မူအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနား (၂၀၁၈ခုနှစ်၊.စက်တင်ဘာလ၊ ၈ရက် သုဝဏ္ဏ ဗဟိုသင်တန်းကျောင်း)
ထိုအခမ်းအနားတွင် CTUM- IWFMအဖွဲ့ဝင်များဖြစ်သော အထည်ချူပ်စက်ရုံအလုပ်သမားများမှကျွမ်းကျင်မူလက်မှတ်ရရှိခဲ့ပါသည်။
ထိုကျွမ်းကျင်မူ စစ်ဆေးသည့်စာမေးပွဲကို ၂၀၁၈ မတ်လတွင် ပြုလုပ်ခဲ့ပြီး ဖြေဆိုသူဦးရေ (၁၀၀) ရှိခဲ့ပါသည်။ CTUM-IWFM အဖွဲ့ဝင် စုစုပေါင်း (၈၅)ဦးသည် ဝင်ရောက်ဖြေဆိုခဲ့ရာ (၈၅)ဦးစလုံး အောင်မြင်ခဲ့ပါသည်။ ထိုကြောင့် CTUM မိသားစုမှ အထူး ဝမ်းသာဂုဏ်ယူမိပါသည်။
အခမ်းအနားတွင်ကျေးဇူးတင် နူတ်ဆက်စကားကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များမှ ပြောကြားခဲ့ရာ CTUM ခေါင်းဆောင် တဦးဖြစ်သော မသဥ္ဇာထက် (ချားမင်းအထည်ချူပ်စက်ရုံ) မှ ပြောကြားခဲ့ပါသည်။
CTUM ဥက္ကဌ ဦးမောင်မောင်နှင့် သမဂ္ဂ ခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။