လုံခြုံစိတ်ချသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာသင်တန်း
(လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)
၂၀၁၉ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အမျိုးသမီးစင်တာရုံး၌ လုံခြုံစိတ်ချသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာသင်တန်းကို ပြုလုပ်ခဲ့ ပါသည်။ အဆိုပါသင်တန်းသို့ လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံတို့ (၁၀) ရုံမှ စုစုပေါင်း (၂၄) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ကြသည့် ပုံစံများနှင့် ပြည်ပ နိုင်ငံများသို့ တရားဝင် သွားရောက်လုပ်ကိုင်နိုင်သည့် နိုင်ငံများနှင့် လုပ်ငန်းစဉ်များအကြောင်းအား ရှင်းပြခြင်း၊ ရွှေ့ပြောင်း သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဆိုက်ရောက်နိုင်ငံများတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ လုံခြုံစိတ်ချမှုရှိရန် နည်းလမ်းများနှင့် ထိုင်းနိုင်ငံသို့ သွာက်ရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများသိသင့်သော ထိုင်နိုင်ငံ၏ အလုပ်သမားဥပဒေများ၊ လူမှုဖူလုံရေးဥပဒေများ၊ အလုပ်သမား လျော်ကြေးဥပဒေများအား ဆွေးနွေးခြင်းနှင့် အုပ်စုဖွဲ့ လေ့ကျင့်မှုများပြုလုပ်ခဲ့ပါသည်။
သင်တန်း တက်ရောက်ခဲ့သည် CTUM ၏ ရွှေ့ပြောင်းအလုပ်သမားဌာနမှ တာဝန်ခံ မထွေးထွေးသိန်းမှ ဦးဆောင်၍ သင်တန်းပြုလုပ်ခြင်းဖြစ်ပါသည်။