ဒိန်းမတ်အလုပ်သမားဖွ့ံဖြိုးတိုးတက်ရေး အေဂျင်စီ DTDA နှင့် CTUM တို့ ၂၀၂၀-၂၀၂၁ခုနှစ် လုပ်ငန်းစီမံချက် ရေးဆွဲခြင်း (၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃-၄)ရက်၊ CTUM Solidarity Hall အရှေ့ဒဂုံမြို့နယ်)
Brother Buddhi Ram Acharya, DTDA Programme Consultant သည် CTUM လုပ်ငန်းစဉ်များကို ခြုံငုံသုံးသပ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မူဝါဒပိုင်းများကို ဆွေးနွေးတင်ပြခဲ့သည်။ Brother Peter Lunding, Head of Office, DTDA Asia သည် လုပ်ငန်းစီမံချက်များ၏ အခြေအနေများ၊ နောက်ခံအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ထိုနောက် CTUM ခေါင်းဆောင်များသည် DTDA ပရိုဂရမ်ဖြင့် ၂၀၂၀-၂၀၂၁ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့် လုပ်ငန်းကဏ္ဍများ၊ အကြောင်းအရာများကို ဆွေးနွေးခြင်းနှင့် အပြန်အလှန် မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ တတ်ရောက်သူ စုစုပေါင်း (၁၅)ဦး (ကျား -၅၊ မ-၁၀) ဖြစ်ပါသည်။
ဒိန်းမတ်အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ DTDA နှင့် CTUM တို့ ၂၀၂၀-၂၀၂၁ခုနှစ် လုပ်ငန်းစီမံချက် ရေးဆွဲခြင်း (၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃-၄)ရက်၊ CTUM Solidarity Hall အရှေ့ဒဂုံမြို့နယ်)