“Just Transition Seminar” သင့်တော်ညီမျှသောပြောင်းလဲခြင်းဆိုင်ရာဆွေးနွေးပွဲ
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၀၉) ရက်
ဂျာမန်နိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ACV) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) တို့မှပူးပေါင်း၍ CTUM ၏ အဖွဲ့ဝင် အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ ခေါင်းဆောင်များအတွက် ပြောင်းလဲလာသည့် လုပ်ငန်းများ၊ အလုပ်အကိုင်များတွင် ဖြစ်ပေါ်လာမည့် အခက်အခဲများ စိန်ခေါ်မှုများကို ဆွေးနွေးနိုင်ရန်အတွက် “Just Transition Seminar” သင့်တော်ညီမျှ သောပြောင်းလဲခြင်းဆိုင်ရာဆွေးနွေးပွဲ အား ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ Grand Mercure Yangon Golden Empire hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုဆွေးနွေးပွဲသို့ CTUM ၏ အဖွဲ့ဝင်များအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် တရုတ်နိုင်ငံများမှ အထည်လုပ်ငန်းကဏ္ဍ ခေါင်းဆောင်များပါဝင်၍ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင်
– အာရှနိုင်ငံများရှိ သင့်တော်ညီမျှသော ပြောင်းလဲခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း (Just Transition and Climate Change) အတွက် မတူကွဲသည့် အချက်များကို ရှင်းလင်းတင်ပြခြင်း၊
– အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အာရှနှင့် ပစိဖိတ်ဒေသ (ITUC-AP) မှ Just Transition and Climate Change တွင် အလုပ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊
– အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ဘန်ကောက်ရုံးမှ သင့်တော်ညီမျှသော ပြောင်းလဲခြင်းတွင် သင့်လျှော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရန်အတွက် အားပေးမြှင့်တင် ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခြင်း၊
– သင့်တော်ညီမျှသော ပြောင်းလဲခြင်းတွင် NGO နှင့် CSO များ၏ အခန်းကဏ္ဍအားရှင်းလင်းတင်ပြခြင်း၊
– မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ၏ Just Transition and Climate Change အတွေ့အကြုံများကို အမြင်မလှယ်ခြင်း
– အုပ်စုဆွေးနွေးခြင်းများ
ပြုလုပ်ခဲ့ပါသည်။
<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1257005087843924&width=500″ width=”500″ height=”805″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>