All for Joomla All for Webmasters
CTUM အမျိုးသမီးစင်တာကို သွားကြစို့
Need Myanmar စိုက်ပျိုးရေးသင်တန်း ဆင်းပွဲ
May 3, 2018
CTUM Women Center Opening Ceremony
May 3, 2018

CTUM အမျိုးသမီးစင်တာကို သွားကြစို့

ယနေ့ ၂၀၁၈ ခုနှစ် ဧပြီလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ အမျိုးသမီး ဖွံ့ဖြိုးရေး စင်တာ တစ်ခုကို အမှတ် – A/174 ကျန်စစ်သားလမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်ုမြို့ တွင် ဖွင့်လှစ်ခဲ့ပါသည်။

ထို စင်တာမှ ၀န်ဆောင်မှုများကို CTUM အဖွဲ့ဝင် အမျိုးသမီးများသာ မဟုတ်ဘဲ အခြားသော အလုပ်သမားအဖွဲ့အစည်းမှ အမျိုးသမီးများ၊ အဖွဲ့အစည်းအဖွဲ့ဝင်မဟုတ်သော အလုပ်သမား အမျိုးသမီးများလည်း ရရှိနိုင်ပါသည်။

CTUM အမျိုးသမီး စင်တာတွင်
*** တနင်္ဂနွေ နေ့စဉ် ပညာပေး ဆွေးနွေးပွဲများ၊ ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားမှုများ၊
*** ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးမှုများ (အလုပ်သမားရေးရာ၊ အမျိုးသမီးများအား အကြမ်းဖက်ခံရခြင်း၊ )
*** Hotline ဖုန်းဖြင့် ၀န်ဆောင်မှုများ။ (နယ်ဝေးမှ အလုပ်သမား အမျိုးသမီးများအတွက်လည်း အဆင်ပြေနိုင်အောင်)။
*** CTUM စည်းရုံးရေးမှူးများနှင့် တိုင်ပင်ဆွေးနွေးမှုများ
*** ရင်းမြစ်စုံလင်သော စာကြည့်တိုက်
*** ကွန်ပျူတာ သင်တန်းများ
*** အခြား လိုအပ်ချက်များအတွက် သင်တန်းများ။

ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ဒို့ အမျိုးသမီး ဘ၀တွေ တိုးတက်ဖို့ CTUM အမျိုးသမီးစင်တာ ကို သွားကြစို့။

Leave a Reply

Your email address will not be published. Required fields are marked *