All for Joomla All for Webmasters
ကျန်းမာရေး နဲ့ ဥပဒေရေးရာ အကြံပေး Hotline
BWI International Women Committee
May 18, 2020
လူမူဖူလုံရေးမှ ထောက်ပံ့ကူညီမူအကျိူးခံစားခွင့်
May 22, 2020

ကျန်းမာရေး နဲ့ ဥပဒေရေးရာ အကြံပေး Hotline

COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်တောင်းစရာ ရှိလို့ဖြစ်စေ၊ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးစရာ ရှိလို့ပဲဖြစ်စေ၊ CTUM (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) အမျိုးသမီး စင်တာကနေ စီစဉ်ပေးလိုက်တဲ့ ကျန်းမာရေး နဲ့ ဥပဒေရေးရာ အကြံပေး Hotline ရှိနေပါပြီ။

Hotline နံပါတ်ကတော့ 09750218900 ဖြစ်ပြီး ဒီHotline ကိုတော့ တနင်္လာနေ့ကနေ စနေနေ့ထိ နံနက် (၉) နာရီကနေ ညနေ (၅) နာရီအတွင်း ဆက်သွယ်မေးမြန်းလို့ ရပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ဆရာဝန်တွေနဲ့ မေးမြန်းဆွေးနွေးလိုတယ်ဆိုရင် Hotline ဖုန်းကို ဆက်သွယ်ပါ။ ဖုန်းဝင်သွားတာနဲ့ နံပါတ် (၁) ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒေါက်တာ ရည်မွန်သင်း၊ ဒေါက်တာ မြတ်သူရ နဲ့ ဒေါက်တာ အောင်သန်းတိုး တို့ (၃) ဦးထဲက တစ်ဦးက ဖြေကြားဆွေးနွေးပေးသွားမှာပါ။

အလုပ်သမား ဥပဒေရေးရာ ကိစ္စတွေ နဲ့ အလုပ်သမား အခွင့်အရေးတွေအတွက်တော့ Hotline ဖုန်းကို ခေါ်ဆိုပြီး နံပါတ် (၂) ကို နှိပ်လိုက်မယ်ဆိုရင် CTUM women center ရဲ့ ရှေ့နေ ဒေါ်သိင်္ဂီက ဖြေကြားဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

မေးစရာတော့ ရှိတယ်။ ဒါပေမဲ့ ဖုန်းက လိုင်းခွဲနံပါတ်တွေနဲ့မို့ ဆက်ရမှာ ရှုပ်ထွေးနေတယ်၊ သိပ်နားမလည်ဘူးဆိုရင် Shwe Job ရဲ့ Messenger ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *