All for Joomla All for Webmasters
အဆိုပြုလွှာရေးသားခြင်းသင်တန်း
Occupational Safety and Health Training
October 22, 2019
MNE Declaration Workshop
October 24, 2019

အဆိုပြုလွှာရေးသားခြင်းသင်တန်း

အဆိုပြုလွှာရေးသားခြင်းသင်တန်း Proposal Writing Training (Oct 22-23, 2019 at CTUM Solidarity Hall in Yangon)

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ အဖွဲ့ဝင် လုပ်ငန်းကဏ္ဍအဖွဲ့ချူပ်များနှင့် CTUM ဌာနများရှိ အဖွဲ့ဝင်များအတွက် အဆိုပြုလွှာ ရေးခြင်း သင်တန်းကို ၂၀၁၉ ခုနှစ်အောက်တိုဘာလ (၂၂-၂၃) ရက်နေ့များတွင် Danish Trade Union Development Agency ၏ ပံ့ပိုးမှုဖြင့် အရှေ့ဒဂုံမြို့နယ်ရှိ CTUM ရုံးချုပ်တွင် ပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် စီမံချက်ရေးဆွဲရာ၌ သိထားရမည့်အရာများ၊ စီမံချက်စက်ဝန်စီမံခန့်ခွဲမှုအကြောင်းများ နားလည်သဘောပေါက်ခြင်း၊ စီမံချက်တစ်ခုတည်ဆောက်ပုံအခြေခံသဘောတရားများအား လေ့လာခြင်း၊ ပြသာနာဖော်ထုတ်သတ်မတ်ခြင်း၊ စီမံချက်နည်းဗျူဟာချမှတ်ခြင်းနှင့် ရလဒ်ကွင်းဆက်များ ပြောင်းလဲသွားခြင်း၊ စီမံချက်ဆိုင်ရာ SWOT သုံးသပ်ချက်များ၊ ပါဝင်ပါတ်သတ်သူများအကြောင်း သုံးသပ်ခြင်း၊ စီမံတွင် ကြုံတွေ့ရသည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်ထားခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ဖွဲ့စည်းပုံရေးဆွဲခြင်း၊ ပြက္ခဒိန် ရေးဆွဲခြင်း၊ အကျိုးညီညွတ်သော စီမံချက်ဇယားရေးဆွဲခြင်း၊ ငွေကြေးစီမံရေးဆွဲခြင်းနှင့် အရေးအသားပုံစံအား ပြန်လည်စိစစ်ခြင်းတို့ကို ဆွေးနွေးတင်ပြခဲ့သည်။

ဦးဆောင်ဆွေးနွေးသူများမှာ – ဦးမြတ်ကျော်သိန်း ( Chief Training Consultant Master Trainer from The Art of Facilitation (Part time) ၊ ဒေါ်အိဖြိုးမော် (Social Enterprise Consultant/E4E Trainer, British Council Myanmarတို့ ဖြစ်ပါသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်း တတ်ရောက်သူများ စုစုပေါင်း (၂၀)ဦး ရှိပြီး ကျား – ၉ဦး၊ မ-၁၁ဦး ဖြစ်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *