All for Joomla All for Webmasters
အလုပ်သမားသမဂ္ဂအတွင်းရှိလူငယ်နှင့်အမျိုးသမီးကဏ္ဍဆိုင်ရာ နှင့် မြန်မာနိုင်ငံရှိရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ
Farmers organizations under the AFOSP-MTCP2 program
April 22, 2019
ကလေးများအတွက် မိတ်ဆက်ကွန်ပျူတာသင်တန်း
April 22, 2019

အလုပ်သမားသမဂ္ဂအတွင်းရှိလူငယ်နှင့်အမျိုးသမီးကဏ္ဍဆိုင်ရာ နှင့် မြန်မာနိုင်ငံရှိရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ

အလုပ်သမားသမဂ္ဂအတွင်းရှိလူငယ်နှင့်အမျိုးသမီးကဏ္ဍဆိုင်ရာ နှင့် မြန်မာနိုင်ငံရှိရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ
၂၀၁၉ ခုနှစ်၊ မတ်လ ၄- ၅ ရက်နေ့၊ ရန်ကုန်မြို့၊

ထိုဆွေးနွေးပွဲတွင် အဖွင့်အမှာစကားကို ဦးမောင်မောင် – CTUM ဥက္ကဌ နှင့် ATUC ဒုဥက္ကဌ
ဒေါ်ထွေးထွေးသိန်း – CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှူး
Bro. Cedric Bagtas – ATUC ဒုအထွေထွေအတွင်းရေးမှူး တို့က ပြောကြားခဲ့ပါသည်။

ATUC လူငယ်နှင့်အမျိုးသမီးကော်မတီ (YWC) မှ ၄င်းတို့၏ လုပ်ငန်းအစီအစဉ်ကိုရှင်းလင်းတင်ပြခြင်းကို
ဒေါ်စန္ဒာစိုး – CTUM မှ ATUC YWC ကိုယ်စားလှယ်တစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။

လုပ်ငန်းအစီအစဉ်၏ ရည်မှန်းချက်၊ ရလဒ်များ နှင့် လှုပ်ရှားများဆွေးနွေးမည်။ ဒီလုပ်ငန်းအစီအစဉ်သည် အောက်ပါအပိုင်း (၄) ပိုင်းကိုအလေးထားထားသည့် အစီအစဉ်ဖြစ်သည်။
၁။အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းမူဝါဒများတိုးမြှင့်စေရန်
၂။ ကျား/မ အခြေခံသည့် အကြမ်းဖက်မှုဆိုင်ရာ နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာစည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန်
၃။ အလုပ်သမားသမဂ္ဂအတွင်းနှင့်အခြားနေရာများတွင် ကိုယ်စားပြုမှု တိုးလာစေရန်
၎။ ၂၀၃၀ အစီအစဉ်နှင့် ကိုက်ညီမှုရှိစေရန် တို့ ဖြစ်သည်။

ITUC-AP/DGB BW ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်း: သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အတွက် အရှေ့တောင်အာရှရှိသမဂ္ဂအတွင်းမှ အမျိုးသမီးနှင့်လူငယ်များကိုယ်စားပြုမှုကိုရေရှည်တည်တံ့စေရန်

Bro. Dom Tuveraမှ
စီမံကိန်းကိုမိတ်ဆက်ခြင်း၊ ၄င်း၏ရည်မှန်းချက်များကိုဆွေးနွေးခြင်း၊ စီမံကိန်း၏ သတ်မှတ်ချက်များသို့ ရောက်ရှိနိုင်ရန် သမဂ္ဂလုပ်ငန်းလုပ်ဆောင်နေသည့် အမျိုးသမီးနှင့်လူငယ်တို့၏ အခန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ပါသည်။

အရှေ့တောင်အာရှရှိသမဂ္ဂများတွင် အမျိုးသမီးနှင့်လူငယ်တို့ကိုကိုယ်စားပြုခြင်းဆိုင်ရာအခြေခံစစ်တမ်းမေးခွန်းလွှာ၊ အလုပ်သမားရွှေ့ပြောင်းလုပ်ကိုင်ခြင်းရှိလူငယ်နှင့်အမျိုးသမီး: ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကိုတိုးမြှင့်ပေးခြင်း ၊ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၏ ခေတ်ရေစီးကြောင်း၊ စိန်ခေါ်မှုများ နှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အစီအစဉ်များ
အာဆီယံ TRIANGLE ၊ CTUM မှဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများတိုးမြှင့်ပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ နှင့် အစီအစဉ်များ ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ သတင်းအချက်အလက်များစုစည်းနိုင်ရန် ATIS သတင်းအချက်အလက်စနစ် စသည့်တို့ကို ဆွေးနွေးခဲ့ပါသည်။

တက်ရောက်သူ စုစုပေါင်း (၂၄)ဦး ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *