၂၀၁၈ခုနှစ်၊သြဂုတ်လ(၆)ရက်၊
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊
ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
…..မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ တစ်ရှူးစက်ရုံမှာ အလုပ်သမား(၉)ဦးအား အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်မှထုတ်ပယ်ခဲ့ပါသည်။
…..၎င်းကိစ္စအား ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးရုံးရှိ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးတွင် ယနေ့နေ့လည် (၁း၀၀)က အလုပ်ရှင်၊ နစ်နာသူများ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်များနှင့် ဦးနေလင်းကျော်သူရ( အထွေထွေအတွင်းရေမှူး/BWFM)တို့မှ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး ရှေ့မှောက်တွင် ညှိနှီုင်းခဲ့ကြရာ ပြေလည်မှုမရသေးသဖြင့် (၇.၈.၂၀၁၈) ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြပါသည်။
ThuraNaylin(BWFM)