တနင်္ဂနွေနေ့လှုပ်ရှားမှုများ Sunday Activities
(22 Jan 2017 at CTUM Hlaing Thayar Training Center)
CTUM လှိုင်သာယာရုံးတွင် ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံ အလုပ်သမားများမှ ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်များ ဆွေးနွေးခြင်း၊ Holly Myanmar အထည်ချုပ်စက်ရုံမှ စက်ရုံအတွင်း အချိန်ပိုခေါ်ယူမှုနှင့် ပတ်သတ်၍ လာရောက်ဆွေးနွေးခဲ့ကြပါသည်
ရှမိန်အထည်ချုပ်စက်ရုံမှ အလုပ်သမားများက အခြေခံသမဂ္ဂဖွဲ့စည်းရန် အလုပ်အမှုဆောင်များရွေးချယ် ခဲ့ကြသည်။
South Bay အထည်ချုပ်စက်ရုံမှဘဏ္ဍငွေရှင်းတမ်းကိစ္စရပ်များ၊ အလုပ်ထုတ်ခံရမှုများ၊ CTUM အများပိုင်စီးပွားရေးကိစ္စရပ်များ၊ အမျိုးသမီးကော်မတီဖွဲ့စည်းရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ အထက်ဖော်ပြပါ ဆွေးနွေးပွဲများတွင်တက်ရောက်သူစုစုပေါင်း (၁၅၀)ဦးခန့် ရှိသည်။