လေ့ကျင့်ပညာပေးရေးဌာန ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ၊ (၉)ရက်၊ CTUM Solidarity Hall)
ထိုဆွေးနွေးပွဲတွင် ပထမအကြိမ်ဆွေးနွေးပွဲတွင် လုပ်ငန်းတာဝန်များ ပြီးမြောက်မှုအခြေအနေများ၊ လေ့ကျင့်ပညာပေးရေးဌာန ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းမှုအဆင့်ဆင့်၊ ခေါင်းဆောင်မှုတာဝန်ခံများနှင့် ဆွေးနွေးညှိနှိုင်းမှုအခြေအနေများ၊ လုပ်ငန်းစဉ် ရေးဆွဲခြင်း၊ သင်ရိုးညွန့်တမ်း စာအုပ်ထုတ်ဝေမည့် အခြေအနေနှင့် ပြည်သူလူထုကြား သမဂ္ဂပညာပေးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
CTUM လေ့ကျင့်ပညာပေးရေးဌာန တာဝန်ခံဦးဇော်ဝင်းအောင်က ဦးဆောင်ခဲ့ပြီး AFFM ၊ BWFM ၊ IWFM ၊ MTF ၊ EUFM ၊ FWFM လုပ်ငန်းကဏ္ဍအဖွဲ့ချူပ်များအလိုက် လေ့ကျင့်ပညာပေးရေးတာဝန်ခံများ တတ်ရောက်ခဲ့ပါသည်။