၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက် တနင်္ဂနွေနေ့
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) Women Center တွင် Ms. Mari Tanaka (Assistant Professor – Hitotsubashi University) နှင့် CTUM အခကြေးငွေ ကော်မတီတို့မှ ဦးဆောင်၍ လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်လုပ်ငန်းကဏ္ဍမှ သမဂ္ဂအဖွဲ့ဝင်များအား အနည်းဆုံးအခကြေး ငွေနှင့် ကျွမ်းကျင်မှုဆိုင်ရာ စစ်တမ်းအား ကောက်ယူခဲ့ပြီး အထည်ချုပ်မြို့နယ်အဖွဲ့အစည်းမှ ခေါင်းဆောင်များ အား လုပ်ငန်းခွင်အတွင်း လုပ်ငန်းအတွေ့အကြုံဆိုင်ရာများ၊ အလုပ်သမားသမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်း လုပ်ဆောင်ခြင်းနှင့် စည်းရုံးလုပ်ဆောင်ခြင်းဆိုင်ရာများ၊ အလုပ်ရှင်နှင့် ဆက်ဆံရေးတည်ဆောက်ခြင်း လုပ်ငန်းများ အပါအ၀င် လုပ်ငန်းခွင်တွင်း အခြေအနေများကို အုပ်စုမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။
ထို့သို့ စစ်တမ်းကောက်ယူရာတွင် မေးခွန်းလွှာအား ရေးဖြေခြင်း၊ အုပ်စုဖွဲ့၍ မေးမြန်းခြင်း၊ လူတွေ့မေးမြန်း ခြင်း များပြုလုပ်ခဲ့ပါသည်။
အနည်းဆုံးအခကြေးငွေနနှင့် ကျွမ်းကျင်မှုဆိုင်ရာ စစ်တမ်း ပုံစံနှင့် မေးခွန်းလွှာများကို (Researchers) သုတေသနမှူးများဖြစ်ကြသည့်
Ms. Mari Tanaka (Assistant Professor – Hitotsubashi University)၊
Dr. Rocco Macchiavello (Professor – London School of Economic)၊
Ms. Laura Boudreau (Assistant Professor – Columbia University) နှင့်
Ms. Virginia Minni (PHD Student, London School of Economics) တို့မှ ပြင်ဆင်ထားခြင်းဖြစ်ပါသည်။
စစ်တမ်းကောက်ယူခြင်းအတွက် မြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံအတွင်းများ၏ A, B, C ကျွမ်းကျင်မ အဆင့်အလိုက် နှင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ လိုင်းခေါင်းဆောင်များ စုစုပေါင်း (၂၂) ဦး ပါဝင် ဆွေးနွေးခဲ့ပါသည်။
<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1218788414998925&width=500″ width=”500″ height=”792″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>