၂၀၁၈ခုနှစ်၊ဧပြီလ(၂၁)ရက်။
စွယ်တော်ဘုရားရေကန်တော်နှင့်အမရပူရအလဆရုံး။
အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
…..အမရပူရမြို့နယ်က တရုတ်နိုင်ငံသားပိုင် ဂျပ်ပုံးစက်ရုံက အလုပ်သမားများအား အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် အလုပ်ထုတ်နေခြင်းအား သက်ဆိုင်ရာမြို့နယ်ညှိဖြန်ဖြင့် ဖြေရှင်းပေးခဲ့ရာ ဇန်နဝါရ်ီလတွင် အလုပ်ထုတ်ခဲ့သော အလုပ်သမားတစ်ယောက်အား အလုပ်ထုတ်ရန် အကြောင်းပြချက်မခိုင်လုံသဖြင့် အလုပ်ပြန်ခန့်ရန်မြို့နယ်မှ ညှိနှိုင်းဖြန်ဖြေ ပေးခဲ့သော်လည်း အလုပ်ရှင်မှ လုံးဝပြန်မခန့်ခဲ့ပေ။
….. ၂၀၁၂ခုနှစ်အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ မြို့နယ်မှတိုင်းခုံအဖွဲ့သို့ ဆက်တက်နိုင်သော်လည်း အစိုးရ၏ညွှန်ကြားချက်အရ တစ်ဦးချင်းအငြင်းပွားမှုကို ညှိဖြန်တွင် မပြေလည်ပါက တိုင်းခုံအဖွဲ့သို့ ဆက်တက်ခွင့်မပေးဘဲ သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ ဦးတိုက်လျှောက်ရန် လွှဲပြောင်းပေးပါသည်။
…..အလုပ်သမားမှ တရားစွဲဘို့အဆင်မပြေသဖြင့် ၎င်းဆန္ဒအရ အလုပ်ထုတ်နစ်နာကြေး၊နို့တစ်ကြေးနှင့်ကျန်ရှိလုပ်သက်ခွင့်များအတွက်သာ နစ်နာကြေးတောင်း၍ ကြေအေးရလေသည်။
…..ဒုတိယအကြိမ်အဖြစ် အလုပ်သမားနှစ်ဦးအား မတ်လတွင် အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ ထပ်မံ၍အလုပ်ထုတ်ခဲ့ပါသည်။ သင်္ကြန်မတိုင်မှီ မြို့နယ်ညှိဖြန်တွင် နှစ်ကြိမ်တိုင်တိုင် ညှိနှိုင်းသော်လည်း အလုပ်ရှင်၏ ကိုယ်စားလှယ်အား အလုပ်ရှင်မှ အလုပ်ထုတ်မရလည်းပြန်မခန့်ဟု ဆိုသည့်အတွက် နောင်တွင် နစ်နာကြေးပေးပြီးအလုပ်ဖြုတ်လာမည့် အခြေအနေ မရောက်ချင်သောကြောင့် အလုပ်သမားများမှ တရားရုံးသို့ ဦးတိုက်လျှောက်၍ အလုပ်ရှင်အား တရားစွဲဆိုရန်ဆောင်ရွက်နေလျက်ရှိပါသည်။
….. တတိယအကြိမ်အဖြစ် ဧပြီလသင်္ကြန်မတိုင်မှီ အလုပ်ရှင်မှ အလုပ်သမားတစ်ဦးအား အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ ထပ်မံအလုပ်ထုတ်ခဲ့ခြင်းအား မြို့နယ်ညှိဖြန် သို့စာတင်၍လည်းကောင်း၊ မန္တလေးတိုင်းအလညနှင့်အလဆရှိ တိုင်းမှူးများသို့တင်ပြ အကူညီတောင်းခံ၍ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် အလညသို့ အလုပ်ရှင်မှ ၂၀၁၁ခုနှစ်အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ၄၉၊၅၀ပုဒ်ခွဲ(က)အား ချိုးဖောက်နေခြင်းအား စစ်ဆေး အရေးယူပေးပါရန် တိုင်ကြား၍ လည်းကောင်း၊ ၂၀၁၂ခုနှစ်အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၏ အားနည်းချက်အား ပြင်ဆင်ရန် သက်ဆိုင်ရာအမျိုးသားအဆင့်ဥပဒေပြင်ဆင်ရေး ကော်မတီသို့လည်းကောင်း တင်ပြ၍ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ ဦးနေလင်းကျော်သူရ(အတွင်းရေးမှူး/BWFM)နှင့် CTUMဥပဒေဌာနမှ ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေ ဒေါ်အိန္ဒာကြည်တင်တို့မှ ပူးပေါင်း၍ ဆောင်ရွက်ပေးနေလျက်ရှိပါသည်။
မှတ်ချက်။ ။၎င်းအလုပ်ရှင်တရုတ်အမျိုးသမီးစီမံခန့်ခွဲသူသည် အလုပ်ထုတ်စာပေါ်တွင် လက်မှတ်ထိုး၍ အလုပ်ထုတ်ရဲသော်လည်း ညှိနှိုင်းဖြန်ဖြေခဲ့သည့် ငါးကြိမ်စလုံးတွင် လုံးဝလာရောက်မဖြေရှင်းရဲဘဲ ကိုယ်စားလှယ်စေလွှတ်၍သာ လုံးဝပြန်မခန့် အဖြေတစ်ခုတည်းသာ ထည့်ပေးလေ့ရှိပါသည်။
ThuraNaylin(BWFM)