All for Joomla All for Webmasters
မြန် မာ့ရေနံနှင့်ရေနံမြေအလုပ်သမားတို့၏ အနာဂါတ်”
National Workshop on Living Wage and Industry Bargaining
October 16, 2018
Second Congress of Myanmar Jiale Fashion Garment union.
October 16, 2018

မြန် မာ့ရေနံနှင့်ရေနံမြေအလုပ်သမားတို့၏ အနာဂါတ်”

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း
ရှိ ရေနံမြေဒေသအချို့မှ အလုပ်သမားသမဂ္ဂများသည် ” မြန်
မာ့ရေနံနှင့်ရေနံမြေအလုပ်သမားတို့၏ အနာဂါတ်” ခေါင်းစဉ်
ဖြင့် ညီလာခံတစ်ခုပြုလုပ်ရန် အကြိုဆွေးနွေးပွဲအား ပြုလုပ်ခဲ့ကြပါသည်။ အကြို ညှိနှိုင်င်းဆွေးနွေးပွဲကို မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျီးပင်တက်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရေနံမြေအလုပ်သမားများ၏ အနာဂတ် ခေါင်းစဉ်ဖြင့် ရေနံမြေ လုပ်သားများ ညီလာခံကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ရန် ရည်ရွယ်ထားပြီး ညီလာခံတွင်တင်သွင်းမည့် စာတမ်းများ၊ ညီလာခံ အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ညီလာခံတွင်ဆွေးနွေးတင်သွင်းမည့် ခေါင်းစဉ်များအဖြစ် အောက်ပါအတိုင်း သဘောတူ ညီခဲ့ကြပါသည်။

၁ ။ ခေတ်ကာလကုန်ဈေးနုန်းနှင့်လျှော်ညီသောလုံ
လောက်သည့်လုပ်ခ / လစာ
၂ ။ အလုပ်ချိန်နှင့်ခွင့်ရက်များ
၃ ။ လုပ်ငန်းခွင်အခက်အခဲများ
၎ ။ အလုပ်သမားတို့၏အနာဂါတ်ဘဝများအာမခံချက်
၅ ။ ဥပဒေပြင်ဆင်ရေး……
စသည့်ခေါင်းစဉ်အချက်များအား စာတမ်းပြုစုရေး နှင့်
ဖိုရမ်ဖြစ်မြှောက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့်ရှေ့လုပ်
ငန်းစဉ်များအချို့အားဆွေးနွေးခဲ့ကြပါသည်။

ညီလာခံဖြစ်မြှောက်အောင် ဝိုင်းဝန်းကူညီပြီး အလုပ်သမား
တို့၏အနာဂါတ်အတွက် ဆွေးနွေးရန် ရေနံမြေအလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၃၀ ဦးတို့သည် အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ ဥက္ကဌ ဦးမောင်မောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်၊ ရုံးအုပ်ချုပ်ရေးတာဝန်ခံ ဒေါ်မိုးသန္တာနှင့် အဖွဲ့ဝင် ဦးရဲသူရတို့လည်း တက်ရောက်ခဲ့ကြပါသည်။

ရေနံမြေ အလုပ်သမားများ၏ အနာဂတ် အလုပ်အကိုင်အခြေအနေနှင့်ပတ်သက်၍ ညီလာခံ ဖြစ်မြောက်ရေးအတွက် ဆွေးနွေးရေး လုပ်ငန်းစဉ်များ ဖြစ်မြောက်ရေး၊ နှင့် လိုအပ်သည့် ပံ့ပိုးမှုများကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ၊ ဂျာမန်ဖောင်ဒေးရှင်း FES နှင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍအဖွဲ့ချုပ် IndustriALL တို့မှ နည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများ ရရှိနိုင်ရေးအတွက် ကူညီပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *