(၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ILC သို့ တတ်ရောက်ခဲ့သည့် မြန်မာအလုပ်သမားကိုယ်စားလှယ်များ၏ အစီရင်ခံတင်ပြခြင်း (၂၀၁၉ ဇွန် ၂၅ Orchid ဟိုတယ်၊ ရန်ကုန်)
အခမ်းအနားတွင် (၁၀၈) မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ဆွေးနွေးသည့် အကြောင်း အရာများနှင့် မြန်မာနိုင်ငံ ၊ အစိုးရ – အလုပ်ရှင် – အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ် တက်ရောက်မှု အနေအထားနှင့် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ဦးမောင်မောင် (ဥက္ကဌ- CTUM) မှ တင်ပြခဲ့သည်။ ထိုနောက် အစိုး – အလုပ်ရှင်- အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ၏ တင်ပြချက်များကို ရှင်းလင်းတင်ပြခြင်း။ မိန့်ခွန်း အကြောင်း နှင့် ကတိကဝတ်များ အကြောင်း၊ မန်မာနိုင်ငံ၏ ILO စံနှုန်းများ လိုက်နာ ကျင့်သုံးမှု အခြေအနေ ဒေါ်ခိုင်ဇာအောင်မှ တင်ပြခဲ့သည်။
ILO နှစ်တရာပြည့်တွင် စံနှုန်းသစ် တစ်ရပ်ချမှတ်ခြင်း – GVB ဒေါ်ဆွေဆွေခိုင်မှ တင်ပြခဲ့သည်။
ILO မှ တာဝန်ရှိသူများ နှင့် သီးခြား တွေ့ဆုံမှု များကို MICS TUsF အထွေထွေအတွင်းရေးမှူး (၂) ဦးမင်းသက်ထွေးမှ တင်ပြခဲ့ပါသည်။
တတ်ရောက်သူ စုစုပေါင်း (၆၅)ဦးခန့် ရှိပြီး သတင်းမီဒီယာ (၂၀)ဌာန တတ်ရောက်ခဲ့ပါသည်။