All for Joomla All for Webmasters
No Social Distancing is No Social Justice.
May 4, 2020
Myanmar during the COVID-19 Crisis: Working together to Protect the Health and Welfare of Workers and supporting the payment of Workers and Factories (May 12, 2020)
May 12, 2020

2nd IWFM’s members’ meeting

2nd IWFM’s members’ meeting on 6-May-2020. Fifty Seven representatives from over 40 factories participated. (English is below)
Myanmar needs ethical investors.

COVID 19 stay home ကာလအတွင်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ၏ အဖွဲ့ဝင်များ ဒုတိယအကြိမ် အစည်းအ၀ေးကို ၂၀၂၀ ခုနှစ် မေလ (၆) ရက်နေ့တွင် online မှ တစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ IWFM ၏ အဖွဲ့ဝင်များသည် အင်တာနက်အသုံးပြု၍ အစည်းအဝေး တက်ခြင်းကို မရင်းနှီးကြပါ။ အခက်အခဲအများကြီး ရှိပါသည်။ တစ်ချို့အဖွဲ့ဝင်များသည် အစည်းအဝေးတွင် မည်သို့ ပါဝင်ရမည်ကို မသိခြင်း၊ မိမိ၏ မိုက်ခရိုဖုန်းကို ပိတ်ခြင်း၊ ဖွင့်ခြင်းကိုပင် ကောင်းစွာ မလုပ်တတ်၍ အစည်းအဝေးအတွင်းတွင် အခက်အခဲများစွာကို ကျြော်ဖတ်၍ စိတ်ရှည်စွာဖြင့် အစည်းအဝေးကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ယခုအခါတွင် မိမိနေအိမ်တွင် နေရမည်ဖြစ်ခြင်း၊ လူ ၅ ဦးထက် ပိုမစုရခြင်း (လုပ်ငန်းခွင်ပြင်ပ) တို့ကြောင်း လူချင်းတွေ့ဆုံ၍ အစည်းအဝေးများ မပြုလုပ်နိုင်ပါ။ သို့သော်လည်း COVID 19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှု အနေဖြင့် IWFM အဖွဲ့ဝင်များ ၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ ပြသနာများကို ဆွေးနွေး၍ မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်ကြောင်းကို ဆွေးနွေး သဘောတူညီခဲ့ကြပါသည်။

အစည်းအဝေးတွင် အဓိကအားဖြင့် COVID 19 ကြောင့် အော်ဒါ မရရှိမှုကို အကြောင်းပြ၍ အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်များအား အလုပ်မှ ထုတ်ပယ်ခြင်း၊ အင်အားလျော့ချခြင်း ပြုလုပ်ခြင်းများအား ဖြေရှင်းရန်၊ လစာမဲ့အလုပ်ခေတ္တရပ်နားခြင်း ကိစ္စများအား ဖြေရှင်းရန် နည်းလမ်းများ၊ လုပ်ခလစာ၊ နစ်နာကြေး အပြည့်အ၀ မပေးဘဲ အလုပ်မှ ရပ်စဲနေမှုများ၊ အလုပ်သမားများ၏ လစာ ၀င်ငွေထဲမှ အလုပ်သမားရသင့်သည့် လစာများကို ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ ဖြတ်တောက်ခြင်းများ၊ စက်ရုံများတွင် ကျန်းမာရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် မညီညွတ်ဘဲ အလုပ်သမားများအား အလုပ်ခိုင်းစေနေခြင်းများ၊ စသည့် ကိစ္စများကို ဖြေရှင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးသေဘာတူညီခဲ့ကြပါသည်။ လုပ်ငန်းများ လည်ပတ်နိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် အလုပ်ရှင်နှင့် အလုပ်သမားသမဂ္ဂများ မည်သို့ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင်အဖွဲ့ဝင်များ၏ အင်အားအခြေအနေများ၊ ဘဏ္ဍာရေးအခြေအနေ၊ များ ကို သုံးသပ်ခြင်းများ၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မူဝါဒများ ယာယီ ပြောင်းလဲခြင်း ကိစ္စ ရပ်များကိုလည်း ဆွေးနွေးသဘောတူညီခဲ့ပါသည်။

ထို့ပြင် IWFM အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ အဖွဲ့ဝင်များရှိသည့် စက်ရုံများတွင် အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် စက်ရုံရှိ သမဂ္ဂများမှ ကူညီပေးသွားရန်၊ စက်ရုံရှိ အခြေခံသမဂ္ဂများ၏ အခက်အခဲများကို မြို့နယ်နှင့် တိုင်းအဆင့် အလုပ်သမားအဖွဲ့အစည်းများမှ ကူညီ ဖြေရှင်းပေးသွားရန်၊ သတင်းအချက်အလက်များ မပြတ်ပေးပို့ကြရန်နှင့် အမှုဖြစ်ပွာသည့် စက်ရုံများမှ အဖွဲ့ချုပ်သို့ အစီရင်ခံစာ တင်သွင်းသည့်အခါတွင် စက်ရုံတွင် မည်သည့် Brands များ ချုပ်နေသည်ကို အစီရင်ခံစာတါင် တစ်ပါတည်း ထည့်သွင်းရေးသားသွားရန်။

အလုပ်သမားအဖွဲ့အစည်းမရှိသေးသည့် စက်ရုံများမှ အလုပ်သမားများ၏ အခက်အခဲများကို Hotline မှတစ်ဆင့် အကြံပြုပေးခြင်း၊ လုပ်ခလစာ ဖြတ်တောက်ခံရခြင်းများ၊ အလုပ်မှ ရပ်စဲခံရခြင်းများကို ဖြေရှင်းနိုင်ရန်အတွက် ညှိနှိုင်းဖြန်ဖြေရေး ယန္တရားအဆင့်ဆင့်တွင် IWFM မှ ကူညီဆောင်ရွက်သွားရန် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

လေးစားစွာဖြင့်
ခိုင်ဇာအောင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)
၇-မေလ-၂၀၂၀

2nd IWFM’s members’ meeting on 6-May-2020. Fifty Seven representatives from over 40 factories participated. IWFM members are not familiar using techniques to have meeting. Many do not even know how to join the meeting, mute/ unmute There are a lot of difficulties holding online meeting for serious issues and made decisions how to response attacking trade unions by using wording of the COVID 19 impact, pay less or no pay to workers, workers are forced to work in unsafe workplaces, terminating without paying full compensation or no compensation. Moreover, IWFM evaluated the update members situation, collecting dues and decide to change some organizational policies to maintain members and support members.

IWFM also discussed how to support workers who are in need even there are non-union members. IWFM will represent them in the cases to make sure they are treated fairly.

Leave a Reply

Your email address will not be published. Required fields are marked *