5th Youth Leadership Training
CTUM Training Hall, East Dagon Township, Yangon
4th- 6th, August, 2017
Organized by: Friedrich-Ebert-Stiftung (FES) and CTUM Youth Committee.
ပဉ္စမအကြိမ်မြောက် လူငယ်ခေါင်းဆောင်မှုသင်တန်း
CTUM သင်တန်းခန်းမ၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၄-၆) ရက်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ လူငယ်ကော်မတီ နှင့် Friedrich-Ebert-Stiftung (FES) တို့မှ ပူးပေါင်း၍ CTUM ၏ လုပ်ငန်းကဏ္ဍအလိုက်အဖွဲ့ချုပ်များရှိ လူငယ်များသမဂ္ဂ ခေါင်းဆောင် များအား စွမ်းရည်မြှင့်တင်နိုင်ရန်၊ သမဂ္ဂအတွင်းပိုမိုပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လူငယ်ခေါင်းဆောင်မှုဆိုင်ရာသင်တန်းကို ပြုလုပ်ခဲ့ပါသည်။အဆိုပါသင်တန်းတွင် ဒေါ်ဖြိုးစန္ဒာစိုး (CTUM- လက်ထောက် အထွေထွေအတွင်းရေးမှူး)၊ ဦးစိုးကိုကိုနိုင် (ဥက္ကဋ္ဌ- CTUM လူငယ်ကော်မတီ)နှင့် ဦးမင်းမင်းလတ် (BWFM- အတွင်းရေးမှူး) တို့မှ
၁) လူငယ်နှင့် ခေါင်းဆောင်မှု
၂) သမဂ္ဂအခြေခံသဘောတရားများ
၃) သမဂ္ဂစည်းရုံးရေးလုပ်ငန်းစဉ်
၎) အသင်းလိုက်စိတ်ဓာတ်တည်ဆောက်ခြင်း
၅) လူငယ်အလုပ်အကိုင်ခန့်ထားမှုနှင့် စစ်တမ်း
၆) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
၇) ၂၀၁၂ လူမှုဖူလုံရေးဥပဒေ စသည် အကြောင်းအရာများကို ဦးဆောင်၍ ဆွေးနွေးပေးခဲ့ကြပါသည်။
သင်တန်းသို့ လုပ်ငန်းကဏ္ဍအသီးသီးမှ လူငယ်သမဂ္ဂအဖွဲ့ဝင်များ စုစုပေါင်း (၂၁) ဦးတက်ရောက်ခဲ့ကြသည်။