မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM) နှင့် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှု့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် 18-12-2019 နေပြည်တော် (I. 10) အဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုဆွေးနွေးပွဲးတွင် (AFFM) စတင်တည်ထောင်ပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်တာများကို (AFFM) အတွင်းရေးမှူးဖြစ်သူ ဒေါ်သဲ၀င့်မှ ရှင်းလင်းတင်ပြပြီ၊ (CTUM) မြန်မာနိုင်ငံလံုးဆိုင်ရာအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ပညာရေးဌာန မှ ဒေါက်တာ ဦးဇော်၀င်အောင်မှ ဦးဆောင်၍ (AFFM) လက်ရှိ လုပ်ဆောင်နေမှု့များအား ရှင်းလင်းတင်ပြကြပါသည်။
စိုက်ပျိုးရေး၊မွှေးမြူရေးနှင့် ကျေးလက်လူမှု့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးမောင်မောင်ဦးမှလည် ကော်မတီ၏ လုပ်ငန်းတာ၀န်များ အား လည် ရှင်းလင်းတင်ပြပြီ၊ (AFFM) အဖွဲ့ချုပ်နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများအား အပြန် အလှန် ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြောကြားပြီ ၊အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။