AFFM and We Effect (Project Planing Meeting during 2018-2022 )
၂၀၁၈-၂၀၂၂ခုနှစ် ငါးနှစ်တာ ကာလအတွင်း CTUM AFFM နှင့် We Effect တို့ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ၂၀၁၈ခုနှစ် ဧပြီလ၊ ၂၃-၂၄ရက်နေ့များတွင် CTUM Solidarity Hall တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးတွင် တတ်ရောက်ဆွေးနွေးသူများမှာ Trinh Quang Tuan SEA Programme Director, Nguyen Ngoc Thuy Asia Deputy Regional Director, Huynh Le Truc Ly Programme Financial Controller and Kristofer Karlsson နှင့် AFFM ဥက္ကဌ ဦးသန်းဆွေ၊ ဒုဥက္ကဌ ဦးမောင်မောင်နှင့်တကွ AFFM ခေါင်းဆောင်များ တတ်ရောက်ကြပါသည်။
AFFM ရှိ လက်ရှိသမဂ္ဂများ စည်းရုံးရေး၊ ပညာပေးရေးနှင့် ဖွံ့ဖြိုးမှု အခြေအနေများ၊ အခက်အခဲများ၊ အားနည်းချက်များကို ဆွေးနွေးခဲ့ပါသည်။
ထိုနောက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကာ ပြသာနာအခက်အခဲများ၏ အရင်းအမြစ်များ၊ ရည်မှန်းအုပ်စုများ၊ ရည်ရွက်ချက်၊ ရည်မှန်းချက်နှင့် We Effect နှင့် AFFM ကြား လက်တွဲဆောင်ရွက်နိုင်သည့် ကဏ္ဍများကို ညှိနိုင်းအဖြေရှာခဲ့ကြပါသည်။
ထိုပြင် ငါးနှစ်တာ စီမံကိန်းတွင် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပါတ်သတ်၍ နှစ်စဉ်အလိုက် အကောင်အထည်ဖော်ပြီးနောက် အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာ စည်းမျဉ်းများကို ရှင်းလင်းခြင်းတို့ကို ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။
AFFM Project အပါအ၀င် MERN Project, CCS Project အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ထိုနောက် စီမံကိန်းတွင် ပါဝင်ပတ်သတ်သူများ၏ အရည်အချင်း မြင့်တင်ပေးရေးဆိုင်ရာ ကိစ္စများ၊ အမြဲတမ်း ဆက်သွယ်ဆောင်ရွက်မည့် တာဝန်ခံများ၊ ပြန်လည် စောင့်ကြည့်သုံးသပ်ခြင်းများလည်း ပါဝင်မည် ဖြစ်ပါသည်။
တက်ရောက်သူ စုစုပေါင်း (၁၃)ဦး ဖြစ်ပါသည်။