Collective Bargaining Training for Trade Union Leaders of CTUM with the support of IndustriALL
(13-14 Sep 2017)
စုပေါင်းတောင်းဆိုမှုဆိုင်ရာ လုပ်ငန်းစဉ်နှင့် စပ်လျဥ်း၍ သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ စက်မှုကုန်ထုန်ကဏ္ဍ CTUM/ IWFM ၏အဖွဲ့ဝင်ဖြစ်သည့် အခြေခံအလုပ်သမားအဖွဲ့အစည်းများမှ ခေါင်းဆောင်များအတွက် ပြုလုပ်ခဲ့ပါသည်။ သင်တန်းကို (၁၃-၁၄) ရက်နေ့များတွင် CTUM ရုံးချုပ် အရှေ့ဒဂုံမြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းကို အပြည်ပြည်ဆိုင်ရာ ဓာတု၊ သတ္တုတွင်း၊ စက်မှုကုန်ထုတ်နှင့် အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် IndsutriALL ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။ သင်တန်းကို CTUM (ဘဏ္ဍာရေးမှူး) စက်မှုကုန်ထုတ်လုပ်ငန်းတာဝန်ခံ ဒေါ်ခိုင်ဇာအောင်၊ နှင့်လှိုင်သာယာမြို့နယ် ချည်မျှင်နှင့်အထည်အလိပ် အဖွဲ့အစည်း ဘဏ္ဍာရေးမှူး ဒေါ်သဉ္ဇာထက် တို့က ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ ရန်ကုန်တိုင်းတွင်းရှိ အထည်ချုပ်နှင့် စားသောက်ကုန် လုပ်ငန်းကဏ္ဍမှ အခြေခံအလုပ်သမားအဖွဲ့အစည်း ( ၁၁) ဖွဲ့၏ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် စုစုပေါင်း (၂၇) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော အခက်အခဲပြဿနာများကို ဆွေးနွေးခဲ့ကြပြီး ထိုအခက်အခဲများကို သမဂ္ဂ ကိုယ်စားလှယ်များမှ အလုပ်ရှင်နှင့် ပူးပေါင်းဖြေရှင်းရန် နည်းလမ်းကို ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရှင်နှင့် ညှိနှိုင်းမှု လုပ်သည့်အခါတွင် ပြင်ဆင်ရန် လိုအပ်သည်များနှင့် ညှိနှိုင်းမှု လုပ်ငန်းစဉ်အတွက် အဆင့် (၇) ဆင့်ခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသားများ ကိုယ်တိုင် လေ့လာကိုယ်တိုင် ပါဝင်ခြင်းဖြင့် လေ့လာနိုင်စေ၇န်အတွက် အလုပ်ရှင်အလုပ်သမားညှိနှိုင်းမှု Role Play သရုပ်ပြခြင်းတို့ကို အုပ်စုခွဲ ဆောင်ရွက်ခဲ့ပြီး ညှိနှိုင်းမှုတွင် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
Collective Bargaining Training for Trade Union Leaders of CTUM with the support of IndustriALL (13-14 Sep 2017)စုပေါင်း…
Posted by Ctum Myanmar on Friday, September 15, 2017