COVID 19၏ စီးပွားရေးကဏ္ဍအကျိူးသက်ရောက်မှုများ၊ နောက်ဆက်တွဲကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစည်းအဝေးနှင့်သတင်းစာရှင်းလင်းပွဲ (၂၀၂ဝခုနှစ်၊ မတ်လ၊ (၅)ရက်၊ UMFCCI, ရန်ကုန်မြို့)
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချူပ် UMFCCI သည် COVID 19 ဂယက်၏ သက်ရောက်မှုများ၊ လုပ်ငန်းခွင်အတွင်း အခြေအနေများ၊ အခြေအနေကို ထိန်းသိမ်းရန်ပြင်ဆင်မှုများ၊ ကြိုတင်ဆောင်ရွက်မှုများ ပြင်ဆင်ဆွေးနွေးခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးပွဲကို ၂၀၂ဝခုနှစ်၊ မတ်လ၊ (၅)ရက်နေ့တွင် UMFCCI အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ၊ (အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား)၊ မြန်မာနိုင်ငံတွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း လုပ်ငန်းရှင် အဖွဲ့အစည်းများ တတ်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းက သဘာပတိအဖြစ် ပြုလုပ်ခဲ့သည်။ အစိုးရကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် တတ်ရောက်ခဲ့သည်။ အစိုးရအနေဖြင့် မှန်ကန်သောသတင်းအချက်အလက် ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ကြည့် စစ်ဆေး ဆောင်ရွက်နေမှုများ၊ COVID 19 ရောဂါဖြင့် ဖြစ်ပွားသူ တစ်ဦးမှ မရှိသေးကြောင်း၊ ထုတ်ပြန်ချက်များ နေ့စဉ် နေ့လည် (၁)နာရီ နောက်ပိုင်းတွင် ရန်ကုန်တိုင်းရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆွေးနွေးကာ လုပ်ငန်းစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးခဲ့သည့်အချက်များမှာ –
အစည်းအဝေးပြီးဆုံးသည့်အခါ သတင်းစာရှင်းလင်းပွဲကို ဆက်လက် ပြုလုပ်ခဲ့ပါသည်။ သတင်းမီဒီယာဌာန (၃၀)ကျော်မှ သတင်းလာရောက် ယူခဲ့သည်။
– မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ COVID 19 အခြေအနေများကို စောင့်ကြည့်ပြီး သတင်းအချက်အလက်များ မပြတ်ထုတ်ပြန်နေခြင်းသည် အထူးကောင်းမွန်ကြောင်း၊
– ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ COVID 19 ကုန်သွယ်ဂိတ်များတွင် ပြည်ပသို့ တင်သွင်းမှုများ ကျဆင်းလာကြောင်း၊ သို့သော် ရန်ကုန်တိုင်းအစိုးရနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပြည်တွင်းတွင် ကုန်စည်များကို ရောင်းချနိုင်ရန် အစီအစဉ်များ ပြုလုပ်အောင်မြင်မှုများ ရှိခဲ့ကြောင်း၊
– ကုန်သွယ်မှုပြုလုပ်ရာ နယ်စပ်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အထူးအရေးကြီးကြောင်း၊
– လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ COVID 19ဆိုင်ရာ လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက်များ၊ ချမှတ်ဆောင်ရွက်နေမှုများကို သိရှိလိုကြောင်း၊
– နိုင်ငံတဝန်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲဖြစ်သောကြောင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊
– အမျိူးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးမှုများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ( ILO, WHO, World Bank, Central Bank and etc.) ဖိတ်ကြားရမည် ဖြစ်ကြောင်း၊
– မြန်မာနိုင်ငံလုပ်ငန်းရှင်များသည် COVID 19 ဂယက်ရိုက်ခက်မှုကြောင့် စီးပွားရေး၊ လူမှုရေးများသည် တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ထိခိုက်မှုများ ရှိကြောင်း၊ ထိုကြောင့် အခက်အခဲများကို ကျော်လွှားရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊
– COVID 19 ဂယက်ရိုက်ခက်မှုကြောင့် စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခြင်းဆိုင်ရာ ကောလဟာလ သတင်းများကို ဆိုးကျိူးများ ဖြစ်ပေါ်လာနိုင်ကြောင်း
– နိုင်ငံခြားသား ခရီးသွားလာနေသူများအတွက် ကျန်းမာရေးသတိပေးချက်များကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဝေပေးစေရန်လိုကြောင်း၊
– Tourism လုပ်ငန်းတွင် ဆက်စပ်သော အလုပ်သမားများ၏ အလုပ်အကိုင်များ၊ ဝင်ငွေများ ကျဆင်းမှုများ ရှိနေကြောင်း၊
– လုပ်ငန်းရှင်များသည် အလုပ်သမားများ၏ ကျန်းမာရေးအတွက် အပြည့်အဝ တာဝန်ယူရမည်ကို သိရှိကြောင်း၊
– COVID 19 ကူးစက်မှုများ ဖြစ်ပေါ်လာပါက ခွင့်ရက်များ ပေး၍ အလုပ်ရပ်နားထားမည် ဖြစ်ပြီး ထိုရက်များအတွင်း အလုပ်သမားများ၏ စားဝတ်နေရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရမည့် အစီအစဉ်များ ပြုလုပ်ရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ တတ်ရောက်ခဲ့သည် အစိုးရကိုယ်စားလှယ်များမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ တတ်ရောက်ခဲ့သည်။ တတ်ရောက်ခဲ့သည့်အပြည်ပြည်ဆိုင်ရာ ကုန်သည် ကိုယ်စားလှယ်အဖွဲ့အစည်းများမှာ အမေရိကန် ကုန်သည်များအဖွဲ့အစည်း၊ ထိုင်းနိုင်ငံ ကုန်သည်များ အဖွဲ့အစည်း၊ တရုတ်နိုင်ငံ ကုန်သည်များ အဖွဲ့အစည်း၊ ကိုရီးယားနိုင်ငံကုန်သည်များအဖွဲ့အစည်း၊ နယူးဇီလန်နိုင်ငံ ကုန်သည်များ အဖွဲ့အစည်း၊ အိန္ဒိယနိုင်ငံ ကုန်သည်များအဖွဲ့အစည်းစသည့်တို့မှ ၄င်းတို့၏ မှတ်ချက်သဘောထားများ ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံအထည်ချူပ်လုပ်ငန်းရှင်များအသင်း၊ MGMA၊ မြန်မာနိုင်ငံ သစ်သီးဝလံဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် ပြည်တွင်း လုပ်ငန်းရှင်များ ဖြစ်ပါသည်။ တတ်ရောက်ခဲ့သည့် အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များမှာ – မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် CTUM၊ မြန်မာနိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)နှင့် မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စားသောက်ကုန်အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် (AFFM-IUF)တို့ဖြစ်ပါသည်။