All for Joomla All for Webmasters
CTUM – LOFTF Labour Law Training
1st Central Committee meeting of IWFM (Second Congress Term)
December 27, 2017
SJY အ​ခြေခံအလုပ်​သမားအဖွဲ့စည်း ​တောင်းဆိုချက်​ များနှင့်​ စပ်​လျဉ်းသည့်​အစည်း​ဝေးပြုလုပ်
December 27, 2017

CTUM – LOFTF Labour Law Training

CTUM – LOFTF Labour Law Training
CTUM Training Hall, East Dagon Township, Yangon
9th – 10th , December, 2017
အလုပ်သမားရေးရာဥပဒေသင်တန်း
ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (LO/FTF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) တို့မှ ပူးပေါင်း၍ CTUM ၏ အဖွဲ့ဝင်များအား စွမ်းရည် မြှင့်တင်နိုင်ရန်အတွက် သင်တန်းဆရာဖြစ် အစီအစဉ်ကို ပြုလုပ်နေပါသည်။ ယခုအခါတွင် အရည်အသွေးပြည့်ဝသော သင်တန်းသား/ သူများဖြစ်စေရန်အတွက် အလုပ်သမားရေးရာဥပဒေသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၉-၁၀) ရက်နေ့များတွင် ထပ်မံ၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ဒေါ်အိန္ဒြာကြည်တင် (CTUM – ဥပဒေဌာန)၊ ဦးဝင်းဇော် (CTUM – ဗဟိုကော်မတီအဖွဲ့ဝင်) နှင့် ဦးအောင်ကျော်ထွန်းနိုင်ဦး (IWFM ဘဏ္ဍာရေးမှူး၊ CTUM ဗဟိုကော်မတီအဖွဲ့ဝင်) တို့မှ ဦးဆောင်၍ ဆွေးနွေးပေးနေခြင်းဖြစ်ပါသည်။
သင်တန်းတွင် ဆွေးနွေးသည့် ဥပဒေများ
၁) ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ
၂) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ
၃) ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ
၎) ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ
၅) ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေ
စသည့်ဥပဒေများကို အဓိကထား၍ ဆွေးနွေးပေးမည်ဖြစ်ပါသည်။
သင်တန်းသို့ တက်ရောက်သူ စုစုပေါင်း (၁၅) ဦး (ကျား – ၈ ဦး ၊ မ – ၇) ဦး တက်ရောက်နေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *