CTUM officials and lidl buyer representatives met for DJY factory disputes. Meeting focused on to settle down the current disputes at DJY factory and to build good industrial relationship in the future together with the help of CTUM.
DJY disputes happened in August 2017, the factory dismissed the president of the worker union after forming union at factory. So over 200 hundred workers went on strike. 228 workers were dismissed during the strike. The strike was long for over one month.
2017 ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် CTUM မှ တာဝန်ရှိသူများနှင့် အလုပ်မှ ထုတ်ပယ်ခံထားရသော DJY အထည်ချုပ်စက်ရုံ အလုပ်သမားများ၊ DJY အထည်ချုပ်စက်ရုံ၏ lidl buyer တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ် စနေမ မှတ်တိုင်တွင် ရှိသော CTUM ရုံး၌ တွေ့ဆုံခဲ့ကြပါသည်။
CTUM ကိုယ်စားပြု မဝင်းသင်္ဂီစိုး၊ ကိုအောင်ကျော် တို့မှ အလုပ်ထုတ်ခံထားရသော DJY အလုပ်သမားများကို အလုပ်ပြန်လည်ခန့်ထားပေးရန်၊ အလုပ်ရှင်အလုပ်သမား ရေရှည်ဆက်ဆံရေးကောင်မွန်စေရန်၊ နောက်နောင်ယခုကဲ့သို့ ကာလကြာရှည်သည့် အငြင်းပွားမှုများမပေါ်ပေါက်စေရန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။
CTUM မှလည်းလက်တွဲ ပူးပေါင်းကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဆက်လက် ဆွေးနွေးခဲ့ကြပါသည်။
အလုပ်သမားများမှလည်း လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ပြီးပါက အလုပ်ရှင်အလုပ်သမား အေးချမ်းစွာ အလုပ်လုပ်ကိုင်ကြမည် ဖြစ်ကြောင်းတင်ပြဆွေးနွေးခဲ့ကြပါသည်
lidl buyer တာဝန်ရှိသူများမှလည်း DJY အလုပ်ရှင်နှင့်တွေ့ဆုံဆွေးနွေးပြီးပါက CTUM မှတဆင့်အလုပ်သမားများထံသို့ အကြောင်းပြန်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြာခဲ့ပါသည်။
DJY စက်ရုံသည် သြဂုတ်လ တွင် အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းမှုကြောင့် အလုပ်သမားသမဂ္ဂ ဥက္ကဌအား အလုပ်မှ ထုတ်ပယ်သည့်အတွက် သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး တစ်လကျော် ကြာမြင့်ခဲ့သည်။ ဆန္ဒပြစဉ်ကာလအတွင်းတွင်လည်း အလုပ်သမား ၂၀၀ ကျော်အား အလုပ်မှ ထုတ်ပယ်ကြောင်းကြေညာခဲ့သည့် အငြင်းပွားမှု ဖြစ်ပါသည်။
crd; Ko Aung Kyaw Tun Naing Oo