All for Joomla All for Webmasters
FES/IndsutriALL Global Union Workshop on Promoting Living Wages
FES/ IndustriALL Global Union on Organizing in the Supply Chain Global Evaluation workshop
August 21, 2017
Minimum Wage Workshop and Survey
August 21, 2017

FES/IndsutriALL Global Union Workshop on Promoting Living Wages

FES/IndsutriALL Global Union Workshop on Promoting Living Wages (17-18 Aug 2017)
နေထိုင်မှုအတွက် လုံလောက်သော လုပ်ခလစာ ဆိုင်ရာ ဆွေးနွေးပွဲကို FES နှင့် IndsutriALL တို့မှ ၁၇-၁၈ သြဂုတ်ရက်နေ့များတွင် ပြုလုပ်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၅) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံ၏ အနည်းဆုံးအခကြေးငွေနှုန်းထား၊ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်သူ စုစုပေါင်း (၄၀) ကျော် ဦးရေ ရှိပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံအလိုက်မှ ကိုယ်စားလှယ်များမှ မိမိတို့ နိုင်ငံတွင် လုပ်ခလစာနှင့် စပ်လျဥ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ချမှတ်ထားသည့် မူဝါဒများကို တင်ပြဆွေးနွေးခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်ရှင် အလုပ်သမား စာချုပ် CBA ချုပ်ဆိုထာားသည့် ဆွီဒင်နှင့် တောင်အာဖ၇ိကမှ အတွေ့အကြုံများ၊ CBA စာချုပ် ချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအတွက် အကျိုးရှိသည့်အချက်များကို ဆွေးနွေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကို Chatrium ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *