All for Joomla All for Webmasters
IndustirALL Asia Pacific Youth Exchange Forum
၁၉၅၁ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ သင်တန်း
October 20, 2019
၁၄ ကြိမ်​​မြောက်​ အမျိုးသားအဆင့်​ သုံးပွင့်​ဆိုင်​ ​တွေ့ဆုံ​ဆွေး​နွေးမှု ဖိုရမ်
October 22, 2019

IndustirALL Asia Pacific Youth Exchange Forum

Two representatives from IWFM participated in the IndustirALL Asia Pacific Youth Exchange Forum in Malaysia on 21-22 Oct, 2019.

အပြည်ပြည်ဆိုင်ရာ သတ္တု၊ ဓာတု၊ ကုန်ထုတ်နှင့် အထွေထွေအလုပ်သမားများအပါအ၀င် ကဏ္ဍ (၁၄) ခုဖြင့် ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်ဖြစ်သည့် IndustriALL ၏ အာရှ ပစိဖိတ် လူငယ် များ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်အောက်တိုဘာလ (၂၂-၂၃) ရက်နေ့များတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့ပါသည်။

ထိုအာရှ ပစိဖိတ်ဆိုင်ရာ IndustriALL အဖွဲ့ဝင် အလုပ်သမားသမဂ္ဂ လူငယ်းများ ဆွေးနွေးပွဲ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM အဖွဲ့ဝင် ကိုယ်စားလှယ် နှစ်ဦး နှင့် မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများ အဖွဲ့ချုပ် MWFM မှ ကိုယ်စားလှယ် (၁) ဦး တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွင်။ လူငယ်နှင့် အမျိုးသမီးများ ပါဝင်မှု မြင့်မားလာစေရန် တားဆီးနေသည့်အချက်များ၊ လူငယ်နှင့် အမျိုးသမီးများ သမဂ္ဂတွင် ပါဝင်မှု ပိုမိုများပြားလာစေရန် လုပ်ဆောင်ရန် လိုအပ်ချက်များ ဆွေးနွေးခြင်း၊ နိုင်ငံအသီးသီးမှ သမဂ္ဂများ၏ လှုပ်ရှားမှုများအား ဖလှယ်ခြင်း၊ ၂၀၂၀ တွင် သမဂ္ဂ လူငယ် များအနေဖြင့် လုပ်ဆောင်မည့် လုပ်ငန်းများ ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ် (IWFM)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)

Leave a Reply

Your email address will not be published. Required fields are marked *