Industrial Relations Seminar on Constructive Industrial Relations and Job Security Program
အလုပ်သမားအပြုသဘောဆောင်သောဆက်ဆံရေးဆိုင်ရာနှင့် အလုပ်အကိုင်အာမခံချက်ရှိမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ
(2016 Nov 26-27 at Kanaung Hall in Shwe Pyi Tar Industrial Zone, Yangon)
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၆-၂၇)ရက်နေ့ ရွှေပြည်သာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ဂျပန်နိုင်ငံ JILAF အဖွဲ့အစည်းမှ မြန်မာနိုင်ငံအတွင်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအပြုသဘောဆောင်သောဆက်ဆံရေးဆိုင်ရာနှင့် အလုပ်အကိုင်အာမခံချက်ရှိမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Industrial Relations Seminar on Constructive Industrial Relations and Job Security Program )ကို လုပ်ငန်းခွင်တွင် ကောင်းမွန်သည့် အလုပ်ရှင် အလုပ်သမားဆက်ဆံရေး တည်ဆောက်နိုင်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါသည်။
အခမ်းအနားသို့ တက်ရောက်သည်အဖွဲ့အစည်းများမှာ –
– ဂျပန် နိုင်ငံရှိ JILAF အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ
– အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ
– အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ
– အလုပ်ရှင်များ
– HR ပညာရှင်များ
– စက်မှုဇုံအတွင်းရှိ အလုပ်သမားသမဂ္ဂများ
စုစုပေါင်းတက်ရောက်သူများတွင် ကျား- (၄၇)ဦး
မ-(၅၁)ဦး စုစုပေါင်း (၉၈)ဦးတက်ရောက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲအဖွင့်အမှာစကားအား မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်CTUMဥက္ကဋ္ဌဦးမောင်မောင်၊ အစိုးရကိုယ်စားလှယ်အဖြစ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံ၊အလုပ်သမားဥပဒေစစ်ဆေးရေးဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါ၊ အလုပ်ရှင်ကိုယ်စားလှယ်အဖြစ် သီရီစန္ဒာအထည်ချုပ်လုပ်ငန်းရှင်ဦးမြင့်အောင်၊ဂျပန်နိုင်ငံအလုပ်သမားများကူညီပံပိုးရေးအဖွဲ့အစည်းJILAF ဥက္ကဋ္ဌ Brother Hirouyki Nagumo၊ မြန်မာနိုင်ငံအခြေစိုက် ဂျပန်သံရုံးကိုယ်စားလှယ် Mr. Yuichiro Funai ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC AP မြန်မာရုံးတာဝန်ခံ ဦးမင်းလွင်တို့မှ ဆွေးနွေးတင်ပြသွားပါသည်။
ထိုနောက် ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများ၊ စုပေါင်းတောင်းဆိုညှိနှိုင်းမှုမှတဆင့် ပိုမိုကောင်းမွန်သောအလုပ်ရှင်-အလုပ်သမားဆက်ဆံရေးရှင်းလင်းတင်ပြခဲ့ပြီး မြန်မာအစိုးရကိုယ်စားလှယ်များမှ လက်ရှိစက်ရုံအလုပ်ရုံများတွင် အလုပ်ရှင်-အလုပ်သမားအခြေအနေများ၊ အနည်းဆုံးအခကြေးငွေနှင့် အလုပ်ရှင်-အလုပ်သမားအလုပ်အကိုင်ဆိုင်ရာသဘောတူညီမှုစာချုပ် ECဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့သည်။ ILO မှ ကျွမ်းကျင်ပညာရှင် Mr. Jared Bissenger သည် လုပ်ခနှင့် အလုပ်အကိုင်ဆိုင်ရာ ILO၏မူဝါဒများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထိုနောက် ECဆိုင်ရာလက်ရှိအခြေအနေများကို CTUM ဘဏ္ဍရေးမှူးဒေါ်ခိုင်ဇာအောင် ဆွေးနွေးပါသည်။ ဆွေးနွေးသည့်ခေါင်းစဉ်အလိုက် အမေးအဖြေကဏ္ဍများတွင် တတ်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးတင်ပြကြသည်။