IWFM Organizing Meeting (6-May-2018)
IWFM စည်းရုံးရေးအစည်းအဝေး ( 6.5.2018)
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) ၏ ၂၀၁၈ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် စည်းရုံးရေး အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေ လ ၆ ရက်နေ့တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ဒဂုံမြို့နယ် CTUM သွေးစည်း ညီညွတ်ရေးခန်းမ ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး ကို IWFM ဥက္ကဌ ဒေါ်ခိုင်ဇာအောင်နှင့်ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟို ကော်မတီဝင်များ၊ တိုင်းဒေသကြီး နင့်ပြည်နယ်အဆင့်၊မြို့နယ်အဆင့်ခေါင်းဆောင်များ၊ IWFM စည်းရုံးရေးမှုးများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် IWFM ဥက္ကဌ နှင့်တက်ရောက်လာသူများမှ လက်ရှိ စည်းရုံးရေးလှုပ်ရှား မှုများ၏ အခြေအနေများပြန်လည်သုံးသပ်ခြင်း၊လက်တွေ့စည်း ရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့်အခက်အခဲများတင်ပြခြင်း၊ စည်းရုံးရေး ဆိုင်ရာနည်းလမ်းများ အတွေ့အကြုံ များအား တက်ရောက်လာသူများ အချင်းချင်းဝေမျှခြင်းတို့ကိုဆောင်ရွက်ကြပါသည်၊၎င်းအပြင် အဖွဲ့ ချုပ်အဆင့်၊မြို့နယ် အဆင့် နှင့် ဆရာဖြစ် TTM သင်တန်းများနှင့်ပတ်သက်သောဆွေးနွေးမှုများ ကိုလည်း ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ Industrial Workers’ Federation of Myanmar(IWFM) ဥက္ကဌ ဒေါ်ခိုင်ဇာအောင်မှ အလုပ်ရှင်နှင့်အလုပ်သမားများကိုပညာပေးရေးအတွက် နိုင်ငံတကာကုန်အမှတ်တံဆိပ် ကုမ္ပဏီ များ၊ အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ၏ အလုပ်သမားသမဂ္ဂများကို အရည်အသွေးမြင့်တင် ခြင်း အစီအစဉ် နှင့်ပတ်သက်၍ ၎င်းတင်ပြဆွေးနွေးခဲ့ပါသည်၊
၎င်းနောက်၊ IWFM ဘဏ္ဍာရေးမှုး ဦးအောင်ကျော်ထွန်းနိုင်ဦးမှ ယခင်ညီလာခံသက် တမ်းနှင် လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ များရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာ သူများမှ အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။နိဂုံးချုပ် အနေနှင့် IWFM ဥက္ကဌ နှင့် တက်ရောက်လာသူများမှ အနာဂတ်စည်းရုံးရေး Target များသတ်မှတ် တာဝန်ခွဲဝေမှုများပြုလုပ်ပြီး၊ ဥက္ကဌမှ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်မှုအတွက် ထောက်ပံ့မှုစနစ်အားရှင်းပြပြီး အစည်းအဝေးကို ညနေပိုင်း တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။