All for Joomla All for Webmasters
Labour Law Training for Newly formed unions.
Assessment on Labour Laws and Laws protection women rights for CTUM organizers
March 29, 2018
Coca Cola အချိုရည်​စက်​ရုံ အလုပ်​သမားသည်​ အနာဂတ်​အလုပ်​အကိုင်​ အာမခံချက်​ရရှိ​ရေး
March 29, 2018

Labour Law Training for Newly formed unions.

Labour Law Training for newly formed unions on 22-23 Feb 2018. Always having pressure or having more new rules and regulations at workplaces after forming unions or settled disputes. The training aims to make the union laders understand about the laws and regulation. So that the unions can response according to the laws. In this way, the good industrial relations can build up at the factories.

မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ၏အဖွဲ့ဝင် အသစ်များအတွက် ရည်ရွယ်၍ အလုပ်သမား ဥပဒေသင်တန်းကို ဖေဖော်ဝါရီလ (၂၂-၂၃) ရက်နေ့များတွင် ပြုလုပ်လျက်ရှိပါသည်။ အလုပ်သမားအဖွဲ့အစည်းစတင် ဖွဲ့စည်းပြီးနောက်တွင် အလုပ်သမားများ ကြုံတွေ့ရသော အခက်အခဲ များမှာ စက်ရုံတွင် စည်းကမ်း အသစ်များ၊ ကြေညာချက် အသစ်များ ထုတ်ပြန်ခြင်း၊ အလုပ်သမားများအား ခွဲခြားဆက်ဆံခြင်း၊ ရာထူးနေရာ ရွှေ့ပြောင်းခြင်းအပါအ၀င် ဆက်ဆံရေးပြသနာ များ ဖြစ်တတ်သည်။ ထိုသို့ ဖြစ်လာပါက အလုပ်သမားအဖွဲ့အစည်း အနေဖြင့် ဥပဒေများအတိုင်း စနစ်တကျ ဖြေရှင်းတတ်စေရန် ရည်ရွယ်၍ ဥပဒေသင်တန်းကို ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
သင်တန်းသို့ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလအတွင်း ဖွဲ့စည်းထားသော အဖွဲ့အစည်း (၁၀) ဖွဲ့မှ ၂၈ ဦးနှင့် သင်တန်းတွင် ပါဝင်ကူညီသူစုစုပေါင်း ၃၃ ဦး တက်ရောက်ကြပါသည်။

သင်တန်းတွင် အလုပ်သမား အခွင့်အရေးများ၊ အငြင်းပွားဖြေရှင်းပုံ အဆင့်ဆင့် နှင့် အလုပ်သမားအဖွဲ့အစည်းများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြပါသည်။

သင်တန်းတွင် ဦးဆောင်ဆွေးနွေးသူများမှာ – CTUM ၏ ဗဟိုကော်မတီဝင် ဦးအောင်ကျော်ထွန်းနိုင်ဦးနှင့် CTUM/IWFM ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်တို့ ဖြစ်ပါသည်။

Labour Law Training for newly formed unions on 22-23 Feb 2018. Always having pressure or having more new rules and…

Posted by Ctum Myanmar on Thursday, February 22, 2018

Leave a Reply

Your email address will not be published. Required fields are marked *