All for Joomla All for Webmasters
Myanmar Workers Delegation are participating in 106th ILC
Report on meeting with Laws and Special Matters Study and Analysis Commission on Labour Dispute Settlement Law Reform
June 16, 2017
Examination of the Individual Cases by the Committee on the Application of Standards
June 16, 2017

Myanmar Workers Delegation are participating in 106th ILC

Myanmar delegation to ILC has checked in at ILO building. Now at the ITUC Workers Group Meeting.
ILO ညီလာခံသို့ တက်ရောက်သော မြန်မာနိုင်ငံ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့သည် ညီလာခံသို့ ရောက်ရှိကြောင်း မှတ်ပုံတင်ပြီး ဖြစ်ပါသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်လျက်ရှိပါသည်။

*ဇွန် ၆ *

မနက်ပိုင်းတွင် အလုပ်သမားသမဂ္ဂများအစုအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို (၉:၀၀) မှ (၁၀:၀၀) ထိပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာညီလာခံကော်မတီ (၄) ခုမှ တာဝန်ရှိသူ အလုပ်သမားအဖွဲ့ခေါင်းဆောင်များမှ ဇွန်လ (၅) ရက်နေ့၏ ဆွေးနွေးချက်များကို ပြန်လည်တင်ပြခြင်းပြုလုပ်ခဲ့သည်။

ထို့နောက် (၁၀:၀၀) မှ (၁၁:၀၀) ထိ အလုပ်သမားများအတွက်အခြေခံအခွင့်အရေးနှင့်သက်ဆိုင်သော ILO ပြဌာန်းချက်(၈)ခုနှင့် စပ်လျဉ်းသောကော်မတီ (Committee on Fundamental Principals and Rights of Work – FPRW) ၏ အစဉ်းအဝေးကိုဆက်လက်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် အလုပ်သမားသမဂ္ဂများသီးသန့် အစဉ်းအဝေးဖြစ်ပြီး သုံးပွင်ဆိုင်အစည်းအဝေးမတိုင်မီ ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်ပါသည်။

ယင်းနောက်သုံးပွင်ဆိုင်အစည်းအဝေးကို (၁၁:၀၀) မှ (၁၃:၀၀) နာရီအထိကျင်းပခဲ့ပြီး အစည်းအဝေးတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ခေါင်းဆောင်များမှ အဖွင့်အမှာစကားပြောကြားခြင်းဖြင့် စတင်ပြီးနောက် အစိုးရကိုယ်စားလှယ်များက မိမိတို့နိုင်ငံအတွင်းရှိ အလုပ်သမားများ၏အခွင့်အရေးနှင့် လူမှုဘ၀များအတွက်ဆောင်ရွက်နေမှုများကို အသေးစိတ်ဆွေးနွေးခဲ့သည်။

ထို့တဖန် နေ့လည် (၁၄:၃၀) မှ (၁၆:၃၀) အချိန်ထိ အလုပ်သမားများအတွက်အခြေခံအခွင့်အရေးနှင့်သက်ဆိုင်သော ILO ပြဌာန်းချက်(၈)ခုနှင့် စပ်လျဉ်းသောကော်မတီ (Committee on Fundamental Principals and Rights of Work – FPRW) ၏ အလုပ်သမားကိုယ်စားလှယ်များ သီးသန့်အစည်းအဝေးကို ထမ်မံပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များမူကြမ်းရေးဆွဲရေးကော်မတီတွင်ပါဝင်ရန် အလုပ်သမားကိုယ်စားလှယ် (၃)ဦးစာရင်းကိုတင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုအခါ ကော်မတီ၏ (၃) ကြိမ်မြောက် သုံးပွင့်ဆိုင်အစည်းအဝေးကို (၁၆:၃၀) မှ (၁၈:၃၀) ကျင်းပလျက်ရှိပြီး လိုအပ်ပါက ည(၂၀:၀၀) မှ (၂၂:၃၀)အချိန်တွင် သုံးပွင့်ဆိုင်အစည်းအဝေးကို (၄)ကြိမ်မြောက်ကျင်းပသွားမည်ဖြစ်သည်။

ထိုမျှမက အားလပ်သောအချိန်များတွင် CTUMဥက္ကဌ ဦးမောင်မောင်၏ ဦးဆောင်မှုနှင့်အတူ အစည်းအဝေးငယ်များကိုပြုလုပ်၍ CTUM၏ အလုပ်သမားရေးရာနှင့်စပ်လျဉ်းသည့် လက်ရှိဆောင်ရွက်နေမှုများ၊ အနာဂတ်လုပ်ငန်းစဉ်များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အလုပ်သမားသမဂ္ဂများ စွမ်းရည်မြှင့်တင်ရေးဗြူရို (ILO-ACTRAV) မှတာဝန်ရှိသူများ၊ အရှ-ပစိဖိတ်အလုပ်သမားရေးရာကျွမ်းကျင်သူများနှင့် ဆွေးနွေးလျက်ရှိပါသည်။

#ဆက်ရန်

၁၀၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံဖွင့်ပွဲစတင်ပါပြီ။ မြန်မာနိုင်ငံမှ သုံးပွင်ဆိုင်ကိုယ်စားလှယ်များနှင့် အကြံပေးများတက်ရောက်ကြသည်။
Participating in 106th ILC opening ceremony with the tripartite constituents of Myanmar.

2017 June 7.
Myanmar Workers delegation after meeting with sister Maria Helena, Director of Workers Bureau ACTRAV . At the UN building.
Discussed about support for CTUM programs and study tour to the Turin training center.

2017 June 7. 8:30 Behind room 19.
Xordination meeting between Africa TUs, South Asia TUs. Asean TUs and Arab TUs on Implementation priorities on the Migration issues. More.discussions will include the South Americas and the Europe unions.

2017 June 7. 8:30 Behind room 19.
Xordination meeting between Africa TUs, South Asia TUs. Asean TUs and Arab TUs on Implementation priorities on the Migration issues. More.discussions will include the South Americas and the Europe unions.

အလုပ်သမားကိုယ်စားလှယ်များ ဆွေးနွေးပွဲ
Myanmar Workers Delegation at the full workers group meeting.2017 June 8. 9:00 UN building 19.

2017 June 7. UN room 21.
Rights of Freedom of Peaceful Assembly and of Association in the USA. hosted by ACLU, CIVICUS, Solidarity Center, AFL – CIO.

Leave a Reply

Your email address will not be published. Required fields are marked *