All for Joomla All for Webmasters
OSH နည်းဥပဒေ အမြန်ထွက်ရှိလာစေရေး ဆွေးနွေးပွဲ
Happy Birthday, ILO 100 years old! 2019 May Day Event by CTUM
May 1, 2019
Talkshow on OSH regarding Construction Workers 2019 May 4 at MNTV Studio
May 10, 2019

OSH နည်းဥပဒေ အမြန်ထွက်ရှိလာစေရေး ဆွေးနွေးပွဲ

လုပ်​ငန်းခွင်​​ဘေးအန္တရာယ်​ကင်းရှင်း​ရေးနှင့်​ကျန်​မာ​ရေးဆိုင်​ရာဥပ​ဒေ သက်ဝင်​​အ​ကောင်​ထည်​​ဖော်​ရန်​နှင့်​ နည်းဥပ​ဒေအမြန်​ထွက်​ရှိလာ​စေရန်​ ​ဆွေး​နွေးပွဲအား
၂ရက်​တာ ​နေပြည်​​တော်​တွင်​ပြုလုပ်​ပါသည်​။
၎င်း​ဆွေး​နွေးပွဲအား ရန်​ကုန်​ ILO ၊အလုပ်​သမားဥပ​ဒေနှင့်​အလုပ်​ရုံစစ်​​ဆေး​ရေးဦးစီးဌာန(FGLLID)တို့မှဦးစီးကျင်းပပါသည်​။တက်​​ရောက်​​သော ပြည်​ပအဖွဲ့အစည်းများမှာ ILO ဂျပန်​၊ စင်္ကာပူ၊ဖစ်​လပိုင်​၊ဗီယမ်​နမ်​ နိုင်​ငံများမှအလုပ်​သမားဝန်​ကြီးဌာနကိုယ်​စားလှယ်​များ ပြည်​တွင်း ကျန်းမာ​ရေး၊​ဆောက်​လုပ်​​ရေး၊စိုက်​ပျိုး​ရေး၊လျှပ်​စစ်​၊စက်​မှု ၀န်​ကြီးဌာနမှကိုယ်​စားလှယ်​များ၊
ဆောက်​လုပ်​​ရေး လုပ်​ငန်းရှင်​များအသင်းချုပ်၊​​​အထည်​ချုပ်​လုပ်​ငန်းရှင်​များအသင်း၊အင်​ဂနှင့်​ပါတ်​သက်​၍လု
H&Mမှကိုယ်​စားလှယ်​များ၊ CTUM၊MICS၊AFFM-IUFမှ အလုပ်​သမားကိုယ်​စားလှယ်​များတက်​​ရောက်​ကြပါသည်​။
ဆွေး​နွေးချက်​များမှာ
မိမိတို့ဌာန၊ကဏ္ဍ​တွေမှာ OSH နှင့်​ပါတ်​သက်​၍လုပ်​​ဆောင်​​နေမှု့များ စိန်​​ခေါ်မှု့များ မူဝါဒများအား​ဆွေး​နွေးကြပါသည်။ပူး​ပေါင်းလုပ်​​ဆောင်​ကြမည့်​ဟုလည်း တက်​​ရောက်​လာ​သောဝန်​ကြီးဌာနအသီးသီး ကိုယ်​စားလှယ်​များမှ​ပြောကြားကြပါသည်​။
New OSH Lawအား အဓိကအ​ကောင်​ထည်​​ဖော်​​ဆောင်​ရွက်​မည့်​ အလုပ်​သမားဥပ​ဒေနှင့်​အလုပ်​ရုံစီစစ်​​ရေးဦးစီးဌာနမှ ထိုဥပ​ဒေသည်​ လွန်​စွာကျယ်​ပြန့်​​နေ​ကြောင်းနှင့်​မိမိတို့တွင်​ ၀န်​ထမ်းအင်​အားနည်းပါးခြင်း၊ပညာရှင်​များမရှိခြင်း စိန်​​ခေါ်မှုများစွာကိုသာ​ပြောကြားခဲ့သည့်​အပြင်​ ဥပ​ဒေအား အ​ကောင်​အထည်​​ဖော်ရန်​ အချိန်​များစွာယူရန်​လိုသည့်​အ​ကြောင်းနှင့်​ဆန္ဒမ​စောကြရန်​ အကြိမ်​ကြိမ်​ ​ပြောကြား၍
ဆွေး​​​နွေးပွဲအားအဆုံးသတ်​ခဲ့ရပါသည်​။
ILOမှတာဝန်​ရှိသူများက​တော့ ယခု​ဆွေး​နွေးပွဲဟာ အစသာရှိ​သေး​ကြောင်း ​နောင်​တွင်​ပိုမို​ကောင်းမွန်​​သောရလဒ်​များထွက်​ရှိရန်​ ၀ိုင်းဝန်း​လုပ်​​ဆောင်​ကြရမည်​ဖြစ်​​ကြောင်း​ပြောကြားခဲ့ပါသည်​။

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1092589540952147&width=500″ width=”500″ height=”909″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *