လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးအမြင်ဖွင့်သင်တနိးကြိုမန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်(CTUM)
မှ(OSH) committee နှင့် ဂျာမနီနိုင်ငံဖောင်ဒေရှင်း(FES)တိုပူးပေါင်း၍သင်တန်းပြုလုပ်
Occupational Healthy and safety Awareness training
July_15
အဆိုပါသင်တန်းကို ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ်
ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ရန်ကုန်ကျောင်းတိုက်တွင်
(၂)ရက်တာကာလကျင်းပပြုလုပ်မည်ဟုသိရသည်
သင်တန်းအဖွင့်
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစက်မူကုန်ထုတ်အလုပ်သမားသမဂ္ဂအဖွဲ့ချူပ်(IWFM)ဥက္ကဌ
CTUM (OSH) committee အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်မှ OSH ကော်မတီ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းစဉ်များနှင့်
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်များပြောကြားခဲ့သည်
ပဲခူးတိုင်း ကုန်တင်ကုန်ချ အလုပ်သမားသမဂ္ဂအဖွဲ့ချူပ် ပေါ်ပေါက်လာပုံနှင့်ရှေ့လုပ်ငန်းစဉ်များ ကို ဦးအောင်ကျော်စိုးမိုးမှ အဖွင့်အမှာစကားတွင်တင်ပြဆွေးနွေခဲ့သည်
သင်တန်းဆရာများနှင့်သင်တန်းသားများအပြန်အလှန်မိတ်ဆက်ခဲ့ကြသည်
FRIEDRICH EBERT STIFTUNG(FES)
တာဝန်ခံ ကို လရောင်အေးမှ မိတ်ဆက်စကားပြောကြားခဲ့သည်
အဆိုပါသင်တန်းတွင်
ဦးမျိုးမြင့်(OSH committee)
ဦးမင်းမင်းလတ်(OSH committee)
မစန္ဒာဝင်း(National project coordinator.
Safe youth @work project
ILO liasison. Office in myanmar)
ဦးအောင်ကျော်စိုးမိုး(ကုန်တင်ကုန်ချ အလုပ်သမားသမဂ္ဂအဖွဲ့ချူပ် ပဲခူးတိုင်း)
တို့မှ လုပ်ငန်ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအမြင်ဖွင့်သင်တန်း သင်တန်းဆရာများအဖြစ်ပို့ချမည်ဖြစ်သည်
သင်တန်းအခမ်းနာမှူး အဖြစ် ဦးမျိုးဇော် (communication committee CTUM)မှပြုလုပ်ခဲ့ပါသည်
မြန်မာနိုင်ငံလုံဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်(CTUM)မှ
အလုပ်သမားကဏ္ဍအဖွဲ့များမှ
သင်တန်းတက်ရောက်သူ စုစုပေါင်း(၃၅)ဦးခန့်တက် ရောက်ခဲ့ပြီး
သင်တန်းဖွင့်ပွဲလာရောက်လေ့လာသူ (၁၅)ဦးခန့်ရှိသည်
ကျောက်တံခါးမြို့နယ် ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးချစ်မောင်
မှသင်တန်းဖွင့်ပွဲ့ကိုတက်ရောက်အားပေးခဲ့သည်
သင်တန်းအဓိကရည်ရွယ်ချက်မှာ စက်ရုံအလုပ်ရုံအတွင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာထိခိုက်နစ်နာမူတစ်စုံတရာရှိသည့်အခါတွင်အလုပ်ရှင်အလုပ်သမားပူပေါင်းဆောင်ရွက်မူဖြင့်ပိုမိုကောင်းမွန်လာစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်သောလုပ်ငန်းခွင်တစ်ရပ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုသိရသည်
မျိုးဇော်
July 15 /2017