Pauk Township Monastic Teachers Computer Training
Magwe Region
2017 April 21-27
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နှင့် အပြည်ပြည်ဆိုင်ရာဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် Education International တို့ ပူးပေါင်းကာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မင်္ဂလာရာမ ဘုန်းတော်ကြီးတွင် ဘ.ကကျောင်း (၅)ကျောင်းမှ ပညာရေးအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဆရာ၊ ဆရာမ (၂၀)ဦးအား အခြေခံကွန်ပျူတာသင်တန်းကို ၂၀၁၇ခုနှစ်၊ ဧပြီလ၊ (၂၁-၂၇)ရက်နေ့အထိ ၇ရက်တာ ကွန်ပျူတာ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ဘ.က ကျောင်းဆရာ၊ ဆရာမများ၏ စွမ်းရည်မြှင့်တင်ပေးရန်၊ ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြားပေးရန်နှင့် ပညာရေးအလုပ်သမားသမဂ္ဂများအချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက် ရည်ရွယ်ကာ ပြုလုပ်သင်ကြားပေးခြင်းဖြစ်ပါသည်။