All for Joomla All for Webmasters
Trade Union Leadership Training (1-4 Sep, 2018)
ငွေကြေးဆိုင်ရာစီမံ ခန့်ခွဲမှု
October 30, 2018
ဂျာမနီနိုင်ငံမှ လွှတ်တော်အမတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများတွေ့ဆုံ
October 30, 2018

Trade Union Leadership Training (1-4 Sep, 2018)

Trade Union Leadership Training (1-4 Sep, 2018)

CTUM and UAZENSEN are jointly conducting a trade union leadership training for CTUM potential trainers and IWFM leaders from township level. The democracy and trade union, effective communication, free and Independence union structure and operation.

အလုပ်သမားသမဂ္ဂခေါင်းဆောင်မှု သင်တန်း (၁-၄ ရက်၊ စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ်)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် ဂျပန်နိုင်ငံ လုပ်ငန်းကဏ္ဍအဖွဲ့ချုပ် UAZENSEN တို့ ပူးပေါင်း၍ အလုပ်သမားသမဂ္ဂခေါင်းဆောင်မှု သင်တန်းကို ပြုလုပ်လျှက်ရှိပါသည်။ သင်တန်းတွင် ပါဝင်တက်ရောက်သူများမှာ – CTUM ၏ အနာဂတ် သင်တန်းဆရာများအဖြစ် ရည်ရွယ်လေ့ကျင့်လျှက်ရှိသော ဆရာဖြစ်သင်တန်းပြီးဆုံးခဲ့သည့် သူများနှင့် စက်မှုကုန်ထုတ်ကဏ္ဍ လှိုင်သာယာမြို့နယ်မှ မြို့နယ်အဆင့် အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသော ဦးဆောင်သူများ ဖြစ်ပါသည်။
သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်ရှိ CTUM ရုံး၊ သွေးစည်းညီညွတ်ရေးခန်းမတွင် စက်တင်ဘာလ (၁) ရက်နေ့မှ (၄) ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်ပါသည်။
သင်တန်းသို့ စက်ရုံ ( ၁၀ ) ရုံရှိ၊ အခြေခံအလုပ်သမားသမဂ္ဂများမှ တက်ရောက်သူ စုစုပေါင်း (၂၃) ဦးတက်ရောက်ပြီး အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၁၂) ဦး ဖြစ်ပါသည်။

သင်တန်းဦးဆောင်သူများအဖြစ် CTUM မှ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်၊ CTUM လေ့ကျင့် သင်ကြားပေးရေးဌာနမှ တာဝန်ခံ ဒေါက်တာ ဇော်ဝင်းအောင် တို့ဖြစ်ပြီး UAZENSEN မှ ကျွမ်းကျင်သူသင်တန်းဆရာများ ဖြစ်ပါသည်။

သင်တန်းတွင် ဒီမိုကရေစီနည်းကျ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုနှင့် ထိရောက်သော ဆက်သွယ်ရေး စနစ်၊ သမဂ္ဂ၏ လုပ်ငန်းများ စသည့် ခေါင်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါသည်။

ထိုသင်တန်းပြီးဆုံးသူများထဲမှ ထိုခေါင်းစဉ်ဖြင့် ပြန်လည်သင်တန်းပို့ချနိုင်သူများကို စောင့်ကြည့် စီစစ်ရွေးထုတ်၍ နောက်နှစ်တွင် ဆင့်ပွားသင်တန်းပြုလုပ်ရန် တာဝန်ပေးအပ်သွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *