Trade Union Movement and Industrial Relation Training Course
သမဂ္ဂလှုပ်ရှားမှုနှင့် လုပ်ငန်းခွင်ဆက်ဆံရေးသင်တန်း
CTUM သင်တန်းခန်းမ၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၆-၁၇) ရက်။
ဂျပန်နိုင်ငံ ချည်မျှင်၊ ဓါတု၊ စားသောက်ကုန်နှင့် အထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (UAZENSAN) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) တို့မှ ပူးပေါင်း အဖွဲ့ဝင်သမဂ္ဂခေါင်းဆောင်များအတွက် သမဂ္ဂလှုပ်ရှားမှုနှင့် လုပ်ငန်းခွင်ဆက်ဆံရေးသင်တန်းကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ စက်မှုကဏ္ဍမှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းကဏ္ဍမှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ပါသည်။