Trade Union preparation meeting for Labour Laws amendment with the help of ILO and Solidarity Center (5-April-2017)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ကိုယ်စားလှယ်များသည် အလုပ်သမားဥပဒေများတွင် ပြင်ဆင်ရန်လိုအပ်သည့် အချက်များကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် အဆိုပြုတင်ပြနိုင်ရန် အမေရိကန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၏ Solidarity Center နှင့် ILO တို့၏ အကူအညီဖြင့် ပြင်ဆင်လျက်ရှိပါသည်။ ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေများကို နိုင်ငံအဆင့် ဖွဲ့စည်းထားသော ” အလုပ်သမား ဥပဒေပြင်ဆင်ရေး နည်းပညာ ဆိုင်ရာ အလုပ်အဖွဲ့- Technical Working Group on Labour Refrom” တွင် တင်ပြနိုင်ရန် အလုပ်သမားကိုယ်စားလှယ်များ၏ အဆိုပြုလွှာကို ရေးဆွဲ ပြင်ဆင်နေခြင်း ဖြစ်ပါသည်။
ထိုပြင်ဆင်မှုအတွက် CTUM အဖွဲ့အတွင်း ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးသည့် အဖွဲ့၏ တင်ပြချက်များကို CTUM ၏ အဆိုပြုလွှာအဖြစ် ပထမမူကြမ်း၊ ဒုတိယ မူကြမ်းများအဖြစ် ပြင်ဆင်ထားသည်။ ပြင်ဆင်ထားသည့် မူကြမ်းကို SC မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားဥပဒေများ ကျွမ်းကျင်သူ Brother Jeff ၏ အကူအညီဖြင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ညီညွှတ်စေရန်၊ မြန်မာနိုင်ငံ၏ အနေအထားဖြင့် သင့်တော်မည့် ဥပဒေ များအဖြစ် ပိုမိုကောင်းမွန်သည့် အဆိုပြုချက်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ILO မှ စီစဉ်ပေးသည့် ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်နေ့တွင် ပြုလုပ်မည့် ”အလုပ်သမား ဥပဒေပြင်ဆင်ရေး နည်းပညာ ဆိုင်ရာ အလုပ်အဖွဲ့- Technical Working Group on Labour Refrom” သုံးပွင့်ဆိုင် အစည်းအဝေးကို တက်ရောက် ဆွေးနွေးနိုင်ရန်အတွက် အဆိုပြုလွှာကို အချောသတ်ပြင်ဆင်နိုင်ရန် ဧပြီလ (၅) ရက်နေ့တွင် CTUM ကိုယ်စားလှယ်များဖြစ်သော ဦးစောတင်၊ ဒေါ်ဝင်းသင်္ဂိစိုး၊ ဦးမင်းမင်းလတ်၊ ဒေါ်ခိုင်ဇာအောင်တို့သည် ILO , Solidarity Center တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။