All for Joomla All for Webmasters
World Day Againt Child Labour Day
Dispute on The KamCaine Manufacturing (garment) workers
June 23, 2018
ILO အရှေ့တောင်အာရှရှိ ငါးလုပ်​ငန်းကဏ္ဍရှိ အလုပ်​သမား ခေါင်းပုံဖြတ်မှုများနှင့် လူကုန်​ကူးတိုက်ဖျက်ရေးဆိုင်ရာ ​ဆွေး​နွေးပွဲ
June 23, 2018

World Day Againt Child Labour Day

10 June 2018. World Day Againt Child Labour Day ကမ္ဘာ့ က​လေးအလုပ်​သမားဆန့်​ကျင်​တိုက်​ဖျက်​​ရေး​နေ့ (၁၀ ဇွန်​ ၂၀၁၈)

အဆိုပါအခမ်းအနားကို ILO နှင့်​ CTUM ​ရွှေ့​ပြောင်းအလုပ်​သမား၊ က​လေးအလုပ်​သမားနှင့်​ အိမ်​တွင်းအလုပ်​သမားဌာနတို့ပူး​ပေါင်းကာ လိုင်​သာယာ CTUM Women Centerတွင်​ ပြုလုပ်​ခဲ့ပါသည်​။

CTUM ဥက္ကဌ ဦး​မောင်​​မောင်​မှ အဖွင့်​အမှာစကား ​ပြောကြားရာတွင်​ နိုင်​ငံ၏ စီးပွား​ရေးအ​ခြေအ​နေအရ က​လေးများ အလုပ်​လုပ်​ကိုင်​​နေရ​သော်​လည်း အလုပ်​လုပ်​ကိုင်​ရင်း က​လေးများ ပညာ​ရေးဆက်​လက်​သင်​ကြားနိုင်​​ရန်​ မူဝါဒများ ချမှတ်​နိုင်​​ရေးကို ပူး​ပေါင်းအ​ကောင်​အထည်​​ဖော်​ရန်​၊ လုပ်​ငန်းကဏ္ဍအသီးသီးရှိ က​လေးအလုပ်​သမားစစ်​တမ်းများ ကောက်​ခံရာတွင်​ အလုပ်​ရှင်​များမှ အလုပ်​ဖြုတ်​ခြင်း မပြုလုပ်​ပဲ ပူး​ပေါင်းအ​ဖြေရှာရန်​စသည့်​တို့ကို ​ပြောကြားခဲ့ပါသည်​။

CTUM ​ရွှေ့​ပြောင်းအလုပ်​သမား၊ က​လေးအလုပ်​သမားနှင့်​ အိမ်​တွင်းအလုပ်​သမားဌာန တာဝန်​ခံ ​ဒေါ်​ထွေး​ထွေးသိန်းမှ ထုတ်​ပြန်​ချက်​ ဖတ်​ကြားပြီး အသိပညာ​ပေး ​ဆွေး​နွေးမူများ ပြုလုပ်​ခဲ့ပါသည်​။

ထို​နောက်​ က​လေးအလုပ်​သမား(၃)ဦးမှ မိမိတို့၏ အလုပ်​လုပ်​ကိုင်​ခဲ့စဉ်​ ဖြတ်​သန်းခဲ့ရသည့်​ အ​တွေ့အကြုံများကို ​ဝေမျှခဲ့ပါသည်​။

အလုပ်​သမားများ၊ သမဂ္ဂအဖွဲ့ဝင်​များ စုစု​ပေါင်း ၁၀၀ခန့်​ တတ်​​ရောက်​ခဲ့ပါသည်​။

Leave a Reply

Your email address will not be published. Required fields are marked *