All for Joomla All for Webmasters
ကုန်ကြမ်းသစ်လုံးမရရှိဟုဆိုကာ အလုပ်သမား(၅၀)ဦးလျော့ချမှုအား BWFM မှ ကူညီဖြေရှင်းပေး
IWFM Members Meeting on Employment Contract Policy
December 27, 2016
ငါးဖမ်းလုပ်ငန်းတွင် ရောင်းစားခံရသူ(၁၁)ဦး အမှု ပထမဦးဆုံးအကြိမ် တရားရုံးချိန်း စတင်။
January 5, 2017

ကုန်ကြမ်းသစ်လုံးမရရှိဟုဆိုကာ အလုပ်သမား(၅၀)ဦးလျော့ချမှုအား BWFM မှ ကူညီဖြေရှင်းပေး

Lack of raw logs are reduced to 50 workers, BWFM help to solve them according to Labour Law in Sagaing Region
ကုန်ကြမ်းသစ်လုံးမရရှိဟုဆိုကာ အလုပ်သမား(၅၀)ဦးလျော့ချမှုအား BWFM မှ ကူညီဖြေရှင်းပေး။စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ။
………………………………………………………………………….
အမှတ်(၁)သစ်အပါးလွှာစက်ရုံတွင် အလုပ်သမား၅၀ဦးကို၂၀၁၆ခုနှစ်နိုဝင်ဘာလ၁၇ရက်နေ့ကသစ်လုံးကုန်ကြမ်းအခက်အခဲအားအကြောင်းပြ၍အလုပ်လျော့ချခဲ့သည့်အတွက် BWFM စည်းရုံးရေးမှူးများဖြစ်သော ဦးနေလင်းကျော်သူရနှင့် ဦးတူးကိုကိုတို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အလုပ်အင်အားလျော့ချခဲ့သည့် အလုပ်သမား(၅၀)ဦးတို့တွင် အလုပ်သမားသမဂ္ဂအမှုဆောင်(၄)ဦး၊ အဖွဲ့ဝင် (၃၆)ဦးနှင့် ကျန်အလုပ်သမားများ ပါဝင်ခဲ့သည်။
ကုန်ကြမ်းအခက်အခဲအား မှန်ကုန်မှုရှိ၊ မရှိ စစ်ဆေးဖော်ထုတ်ရန်အတွက် ဥပဒေပါအတိုင်း ဆောင်ရွက်ကာ အလုပ်သမားများ၏ အလုပ်အကိုင်တည်တံ့ခိုင်မြဲရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့ကို ရရှိအောင် လုပ်ငန်းခွင်အတွင်း ပြန်လည်အလုပ်လုပ်ကိုင်နိုင်ရန် ဆွေးနွေးခဲ့ပါသည်။ သို့သော် အလုပ်သမားများသည် လုပ်ငန်းခွင်တွင် ပြန်လည်လုပ်ကိုင်ပါက ယခုဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များကြောင့် ဖိအားပေးအလုပ်ခိုင်းစေမှုများ၊ ခွဲခြားဆက်ဆံမှုများကို အလုပ်ရှင်ဘက်မှ ပြုလုပ်လာမည်ကို စိုးရိမ်မှုကြောင့် ၄င်းစက်ရုံတွင် အလုပ်ဆက်လက် လုပ်ကိုင်ရန် ဆန္ဒမရှိကြပေ။ ထိုကြောင့် အလုပ်သမားများ၏ဆန္ဒအရ ဥပဒေပါအတိုင်းအခွင့်အရေးများ ရရှိစေခြင်းနှင့် လျော်ကြေးငွေရရှိစေရန် BWFMမှ ကိုယ်စားလှယ်များမှ အလုပ်သမားများနှင့်အတူ ကူညီပူးပေါင်း ဖြေရှင်းပေးခဲ့ပါသည်။

Comments are closed.