All for Joomla All for Webmasters
IWFM Members Meeting on Employment Contract Policy
Employment Contract and ILO convention 87 Training by CTUM-LO/FTF
December 26, 2016
ကုန်ကြမ်းသစ်လုံးမရရှိဟုဆိုကာ အလုပ်သမား(၅၀)ဦးလျော့ချမှုအား BWFM မှ ကူညီဖြေရှင်းပေး
January 5, 2017

IWFM Members Meeting on Employment Contract Policy

အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် အစည်းအဝေး
IWFM Members Meeting on Employment Contract Policy

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက် အစည်းအဝေး ပြုလုပ်လျက်ရှိပါသည်။
အစိုးမှ အခြေခံအလုပ်သမားအဖွဲ့အစည်းများအား EC စာချုပ်နှင့်ပတ်သတ်၍ သဘောထားတောင်းထားပါသည်။ ထိုသို့ သဘောထားတောင်းထားသည့်အပေါ် IWFM အနေဖြင့် UMFCCI/CTUM တို့ဆွေးနွေးထားသည့် ECစာချုပ်အား အစိုးရကို တူညီစွာ သဘောထားမှတ်ချက်ပေးနိုင်ရန် နှင့် UMFCCI/CTUM တို့ဆွေးနွေးထား သည့်စာချုပ်ကို နားလည်သိရှိရန်အတွက် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါသည်။
ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း၊ ပဲခူး စသည့် တိုင်းဒေသကြီးများရှိ မြို့နယ်(၁၄)မြို့နယ်ရှိ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားအဖွဲ့ချုပ် IWFM အဖွဲ့ဝင်များဖြစ်သော စုစုပေါင်း အခြေခံအလုပ်သမားသမဂ္ဂ(၃၇) မှ သမဂ္ဂခေါင်းဆောင်များ (၄၈)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *