All for Joomla All for Webmasters
ကျား/မဆိုင်ရာကိစ္စရပ်များဆိုင်ရာသင်တန်း
Office Management and Administration Training
October 30, 2019
အခ ကြေးငွေနှင့် ကျွမ်းကျင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရန် အကြိုလုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေး
November 3, 2019

ကျား/မဆိုင်ရာကိစ္စရပ်များဆိုင်ရာသင်တန်း

ကျား/မဆိုင်ရာကိစ္စရပ်များဆိုင်ရာသင်တန်း (၂၀၁၉ခုနှစ်၊ နိုဝင်ဘာ၂ ၊ ၃ရက်၊ CTUM Solidarity Hall, အရှေ့ဒဂုံမြို့နယ်)
English version is below.
အမျိုးသမီးအဖွဲ့ဝင်အင်အားအများစုရှိသော မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ ချုပ်သည် ၎င်း၏ အမျိုးသမီးအဖွဲ့ဝင်များကို အဖက်ဖက်မှ အရည်အသွေးမြင့်တင်ရေးကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ ရည်ရွယ်ချက်ဖြင့် အမျိုးသမီးများနှင့် အမျိုးသမီးကော်မတီများအတွက် ကျားမဆိုင် ရာကိစ္စရပ်များ ဆိုင်ရာ သင်တန်းတစ်ခုကို IndustriALL Myanmar Union Building Project ၏ ပံ့ပိုးမှု ဖြင့်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၊၃ ရက်နေ့များတွင် ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Confederation of Trade Unions of Myanmar- CTUM) ၏ သွေးစည်း ညီညွတ်ရေးခန်းမ၌ ကျင်းပနေပါသည်။
၎င်းနှစ်ရက်တာသင်တန်းသို့ သင်တန်းဦးဆောင်ဆွေးနွေးသူ၊အထောက်အကူပြုကူညီသူများ အပါအဝင် အခြေခံသမဂ္ဂ ၁၃ ကို ကိုယ်စားပြုသော အမျိုးသမီးအဖွဲ့ဝင် ၂၄ ဦးနှင့် အမျိုးသား ၃ ဦး၊ စုစုပေါင်း ၂၇ ဦးတက်ရောက်၍ ကျား/မ အခြေပြုအကြမ်းဖက်မှုနှင့် ၎င်းအားတိုက်ဖျက်ရာတွင်တွေ့ရသောအခက်အခဲများ အမျိုးသမီးလုပ်သားများ လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းတွင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိမ်ခေါ်မှုများ ကို တဦးချင်းနှင့် အုပ်စုလိုက်ဆွေးနွေးကြပါသည်။
ထို့အပြင် အမျိုးသမီးကို ကာကွယ်မှုပေးသော လက်ရှိမြန်မာနိုင်ငံ၏တည်ဆဲဥပဒေများ၊အမျိုးသမီးသမဂ္ဂအဖွဲ့ ဝင်များအား ခေါင်းဆောင်မှုပိုင်းတွင် ပါဝင်ဆောင်ရွက်ရန် ဟန့်တားနေသောအရာများ၊ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုနှင့် ကျားမဆိုင်ရာကိစ္စရပ်ပြဿနာများကို ကိုင်တွယ်ရန်၊ယခု သင်တန်းမှ ရရှိသော ဗဟုသုတ များ ကို ပြန်လည်ဝေမျှရန် အစီအစဉ်ရေးဆွဲချမှတ်ခြင်းများကို ဒုတိယနေ့သင်တန်းအစီအစဉ်များအဖြစ်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။
Having a large number of women membership, IWFM has been trying to enhance the capacity of its women unionist in all aspects with the support of IndustriALL Myanmar Union Building Project co-funded by SASK, FNV, FES, and IndustriALL. With this aim, IWFM is conducting a two-day training workshop on Gender Issues for its women and women committees on 2/3 November 2019 at Solidarity Hall of CTUM in East Dagon Township, Yangon.
A total of 27 participants representing 13 different unions and including the resource persons actively participated in the individual and group discussions on gender-based violence, the obstacles in eliminating it as well as the challenges and problems which women workers are currently facing at workplaces and in the community.
The expectation of the participants, the existing laws in Myanmar which protect women and women workers, the barriers which prevent the women union members from taking the leadership roles in the respective unions, and action plans to boost the women participation in trade union movements, the capacity to handle the gender issues and to share the knowledge gained from this two-day event will be included in the second day’s training sessions.

<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1223674741176959&width=500″ width=”500″ height=”949″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>

Leave a Reply

Your email address will not be published. Required fields are marked *