All for Joomla All for Webmasters
ကျား၊ မ တန်းတူ ညီမျှရေးသင်တန်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ပြည်သူ့လွှတ် တော်ဥက္ကဌနှင့်(C.T.U.M)ဥက္ကဌ၊ အီတလီနိုင်ငံမှတာဝန်ရှိသူတို့တွေ့ဆုံမှု
November 15, 2017
စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘော တူညီချက် သင်တန်း
November 15, 2017

ကျား၊ မ တန်းတူ ညီမျှရေးသင်တန်း

ကျား၊ မ တန်းတူ ညီမျှရေးသင်တန်း

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဧကရာဇ် ဟိုတယ်တွင် အမျိုးသမီး ခေါင်းဆောင်များအား အသိပညာပေး စွမ်းရည် မြှင့်တင်နိုင်ရန်အတွက် ကျား/ မ တန်းတူညီမျှ ရေးသင်တန်းအား ပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းအား အပြည်ပြည်ဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (Industriall)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံကုန်ထုတ် နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တို့မှ ပူးပေါင်း၍ပြုလုပ်ခြင်း ဖြစ်ပါသည်။ သင်တန်းအား (၁၁.၁၁.၂၀၁၇) နှင့် (၁၂.၁၁.၂၀၁၇) ရက်နေ့ တွင် (၂) ရက်တာ သင်တန်းပြုလုပ် ခဲ့ခြင်း ဖြစ်ပါသည်။

ဤသင်တန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အမျိုးသမီးအလုပ်သမားများ၏ အခွင့်အရေးများ၊ လုပ်ငန်းခွင် အတွင်းရှိ ကျား၊မ တန်းတူညီမျှရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာ၍ အခြားသော အလုပ်သမား အဖွဲ့အစည်းများအား ပြန်လည်မျှဝေသွားရန်အတွက် ဆွေးနွေးမည်ဖြစ်ပါသည်။

သင်တန်းအား သင်တန်းစုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြပါသည်။ ထို့သို့ တက်ရောက်ရာတွင် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂၀)ဦးပါဝင်ပါသည်။ သင်တန်းဆရာများအဖြစ် ဒေါ်ဇင်မာမျိုး (အမျိုးသမီးကော်မတီဝင် – IWFM)/ ဦးစိုးသက်ပိုင် (အမျိုးသမီးကော်မတီဝင် – IWFM)/ ဒေါ်ရီမွန်အောင် (အမျိုးသမီးကော်မတီဝင် – IWFM)/ ဒေါ်အေးအေးစိုး (အမျိုးသမီးကော်မတီဝင် – IWFM) တို့မှ သင်တန်းပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းစီစဉ်ပေးသူအဖြစ် ဦးကျော်မြင့် (ခေါ်) U Stanley Dawson (တာဝန်ခံ- အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Industriall))၊ ဦးမင်းသိန်းဟန် (ရုံးတာဝန်ခံ- မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအဖွဲ့ချုပ် (IWFM)နှင့် မြန်မာ နိုင်ငံ သတ္တုတွင်းအဖွဲ့ချုပ် (MWFM) တို့မှ သင်တန်းအား စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။

သင်တန်းတက်ရောက်သည့်စက်ရုံများမှာအောက်ပါအတိုင်းဖြစ်ပါသည်။ ၄င်းတို့မှာ-
1. East Growth အထည်ချုပ်စက်ရုံ
2. SUMEC (Yaeni) အထည်ချုပ်စက်ရုံ
3. Latt War (Yaeni) အထည်ချုပ်စက်ရုံ
4. South Bay အထည်ချုပ်စက်ရုံ
5. Myanamr Jiale Fashion အထည်ချုပ်စက်ရုံ
6. Greatmen အထည်ချုပ်စက်ရုံ
7. Bellmart အထည်ချုပ်စက်ရုံ
8. MPI အထည်ချုပ်စက်ရုံ
9. AMG အထည်ချုပ်စက်ရုံ
10. MST အထည်ချုပ်စက်ရုံ
11. Orange အထည်ချုပ်စက်ရုံ
12. Myanmar Unique အထည်ချုပ်စက်ရုံ

သင်တန်းတက်ရောက်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၄င်းတို့မှာ-
၁. ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်
၂. လှိုင်သာယာမြို့နယ်
၃. ပဲခူးမြို့နယ်
၎. ရေနီမြို့နယ် စသည့်မြို့နယ်များမှ တက်ရောက်ခဲ့ကြပါသည်။

လေးစားစွာဖြင့်
မင်းသိန်း

Leave a Reply

Your email address will not be published. Required fields are marked *