စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘော တူညီချက် သင်တန်း
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) သင်တန်းကျောင်းတွင် စုပေါင်းညှိနှိုင်းတောင်းဆိုမှု သဘော တူညီချက် သင်တန်းအား ပြုလုပ်လျက်ရှိပါသည်။ ဤသင်တန်းအား အပြည်ပြည်ဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (Industriall)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံကုန်ထုတ် နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တို့မှ ပူးပေါင်း၍ပြုလုပ်ခြင်း ဖြစ်ပါသည်။ သင်တန်းအား (၁၃.၁၁.၂၀၁၇)နှင့် (၁၄.၁၁.၂၀၁၇) ရက်နေ့ တွင် (၂) ရက်တာ သင်တန်းပြုလုပ်လျက်ရှိပါသည်။
သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အလုပ်ရှင်နှင့် အလုပ်သမားများ လုပ်ငန်းတွင်အတွင်း ဆက်ဆံရေးကောင်းမွန်စေရန်၊ အလုပ်ရှင်နှင့် ကောင်းမွန်စွာညှိနှိုင်းဆွေးနွေးတက်ရန်နှင့် ညှိနှိုင်း ဆွေးနွေးကြရန် စသည်တို့ကို ရည်ရွယ်ပါသည်။ ထို့အပြင် လုပ်ငန်းခွင်အတွင်းရှိ အလုပ်ရှင်နှင့် အလုပ်သမားများအကြား အပြန်အလှန် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးဖြေရှင်းတက်ရန်၊ လုပ် ငန်းတိုးတက်ရန်နှင့် အလုပ်သမားများ၏ ခံစားခွင့်များ တန်းတူညီမျှတိုးတက်နိုင်ရန် စသည်တို့ကို ရည်ရွယ်ပါသည်။
သင်တန်းအား သင်တန်းစုစုပေါင်း (၁၈) ဦးတက်ရောက်ခဲ့ကြပါသည်။ ထို့သို့ တက်ရောက်ရာတွင် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁၅)ဦးပါဝင်ပါသည်။
သင်တန်းဆရာများအဖြစ် ဒေါ်ကြည်ကြည်ထွန်း (အတွင်းရေးမှူး- ရန်ကုန်တိုင်းဒေသကြီး ကုန်ထုတ် နှင့် စက်မှုလက်မှု)/ ဦးဝေယံရှိုင်း (အတွင်းရေးမှူး- လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်လိတ်) တို့မှ သင်တန်း ပို့ချပေးခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်း စီစဉ်ပေးသူအဖြစ် ဦးမင်းသိန်းဟန် (ရုံးတာဝန်ခံ- မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအဖွဲ့ချုပ် (IWFM)နှင့် မြန်မာ နိုင်ငံ သတ္တုတွင်းအဖွဲ့ချုပ် (MWFM) တို့မှ သင်တန်းအား စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။
သင်တန်းတက်ရောက်သည့်စက်ရုံများမှာအောက်ပါအတိုင်းဖြစ်ပါသည်။ ၄င်းတို့မှာ-
1. စည်တော်ကြီးလက်ဖက်စက်ရုံ
2. Oli.Tex ကျောပိုးအိတ်
3. Eslite အထည်ချုပ်
4. North Shore အထည်ချုပ်
5. Myanmar Unique အထည်ချုပ်
6. SJY ဖိနပ်စက်ရုံ
7. Holly Myanamr အထည်ချုပ်
8. Nadia အထည်ချုပ်
9. South Bay အထည်ချုပ် စသည့်စက်ရုံများမှ သင်တန်းပေးခဲ့ကြပါသည်။
လေးစားစွာဖြင့်
မင်းသိန်း