All for Joomla All for Webmasters
နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းအလုပ်သမားများအားကာကွယ်ခြင်းနှင့် ကူညီပေးခြင်းဆိုင်ရာဆွေးနွေးပွဲ
the reporter from #skynet
November 23, 2018
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်မှ တက်ရောက်သူများကို အမှာစကားကို ပြောကြားသည့် ဗီဒီယို
November 23, 2018

နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းအလုပ်သမားများအားကာကွယ်ခြင်းနှင့် ကူညီပေးခြင်းဆိုင်ရာဆွေးနွေးပွဲ

Strengthening Cross-Border Labour Protection for Safe Migration in Myanmar
နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းအလုပ်သမားများအားကာကွယ်ခြင်းနှင့် ကူညီပေးခြင်းဆိုင်ရာဆွေးနွေးပွဲ
(၂၀၁၈ စက်တင်ဘာ ၁၁-၁၂, Ibis Style Hotel ၊ ရန်ကုန်မြို့)

ထိုဆွေးနွေးပွဲ အဖွင့်အမှာစကားကို မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် CTUM ဥက္ကဌဦးမောင်မောင် ပြောကြားခဲ့သည်။ FES မြန်မာရုံးတာဝန်ခံ Mr.Alexy မှ မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ထိုနောက် ရွှေ့ပြောင်းသွားလာခြင်းနှုင့်ဆက်စပ်နေသည့် ပြည်တွင်းဥပဒေဖော်ဆောင်ခြင်း နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့နေရသောအခက်အခဲများ CTUM ရွှေ့ပြောင်းအလုပ်သမားဌာန၊ ဌာနမှူး- ဒေါ်ထွေးထွေးသိန်းမှဦးဆောင်ဆွေးနွေးခဲ့ပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်မှ တက်ရောက်သူများကို အမှာစကားကို ပြောကြားခဲ့ပါသည်။

MOEAF မှ ဖြည့်စွက်ချက်များ ဆွေးနွေးပြီးနောက် MOLIP မှ ဖြည့်စွက်ချက်များ– ညွှန်ကြားရေးမှူး – ဒေါ်အေးအေးမိုး(ရွှေပြောင်းဌာန- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာ)မှ ပြောကြားခဲ့ပါသည်။
ဆိုက်ရောက်နိုင်ငံများရှိလုပ်ထုံးလုပ်နည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေဆိုင်ရာအကာအကွယ်များ၊ လက်ခံနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်အလမ်း၊အခွင့်အရေးများတန်းတူဖြစ်စေရန် နောက်ဆုံးအချက်အလက်များ နှင့် ဆိုက်ရောက်နိုင်ငံများရှိ သမဂ္ဂများ/အရပ်ဖက်အဖွဲ့အစည်းများမှ ခြုံငုံလေ့လာ(အကျဉ်းချုံး) တင်ပြခြင်းကို HRDF မှကိုယ်စားလှယ်၊ MTUC မှ ကိုယ်စားလှယ်၊ ထိုင်းသမဂ္ဂကိုယ်စားလှယ်များ၊ ITUC ကိုယ်စားလှယ်များ၊ Solidarity Center ကိုယ်စားလှယ်များ၊ MWRN ကိုယ်စားလှယ်များ၊ FES ကိုယ်စားလှယ်များ၊ ATUC ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ပါသည်။ MOLIP, MOEAF, CTUM, AFFM, BWFM, IWFM, MTUF, the Fifth Tiller, FES, ITUC, Solidarity Center , MTUC, MWRN and Thai Union စသည့်အဖွဲ့အစည်းများမှ တက်ရောက်ခဲ့သူ စုစုပေါင်း (၄၀)ခန့်မှ လာရောက်ဆွေးနွေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *